Thursday, February 06, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၅၆၅ ဦးသေဆုံးပြီး ၂၈၂၆၂ ဦးကူးစက်ခံထားရ၊ မြန်မာနိုင်ငံမှ သံသယလူနာ ၄ ဦးတွင် ပိုးမတွေ့ရ

Image may contain: one or more people, people sitting, table and indoor
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၅၆၅ ဦးသေဆုံးပြီး လူပေါင်း ၂၈၂၆၂ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ တစ်နေ့တည်းတွင်ပင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် ၇၀ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ လူနာ ၃၆၉၄ ဦး တိုးလာခြင်းဖြစ်ကြောင်း၊ လူ ၉၁၁ ဦးမှာ ရောဂါမှ သက်သာပျောက်ကင်းသွားကြောင်း တရုတ်အာဏာပိုငများက ထုတ်ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၁၀ ဦး တို့ကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး လူနာ ၄ ဦး၏ ဓာတ်ခွဲခန်း အဖြေများ ရရှိထားကြောင်း၊ ၄ ဦးစလုံးတွင် ဝူဟန်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော အသက် (၁) နှစ်၊ (၂) လ အရွယ် ကလေးငယ် (မ) တစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသခဲ့မှုခံယူလျက်ရှိသော အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသား၊ အသက်(၂)နှစ် (၂)လအရွယ် ကလေးငယ် (မ) တစ်ဦး နှင့် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော တရုတ်နိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး တို့တွင် (မည်သူ့တွင်မှ) 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo Credit- ဆင်ဟွာ

No comments:

Post a Comment

My Blog List