Tuesday, February 04, 2020

ကိုရိုနာဗိုင်းရပ်စ်ရှိသည့် နိုင်ငံခြားသားများကို ရှရုားအစိုးရမှ နှင်ထုတ်မည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် ပြောကြား

Image may contain: 1 personImage may contain: 1 person, standing
လက်ရှိမြန်မြန်ဆန်ဆန်ပြန့်နှံ့နေတဲ့ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံထားရတယ်လို့စစ်ဆေးတွေ့ရှိတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဖို့စီစဉ်နေတယ်ဆိုပြီးရုရှားဝန်ကြီးချုပ်မက်ခိုင်း မစ်ရှက်တင်က တနင်္လာနေ့မှာပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်မြေ ၄၃၀၀ ကီလိုမီတာထိစပ်နေတဲ့ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်က ဗိုင်းရပ်စ်ကူးစက်ခံရမှု ၂ခုရှိခဲ့ပြီးနှစ်ခုစလုံးဟာတရုတ်နိုင်ငံသားတွေဖြစ်နေပါတယ်။
တနင်္လာနေ့ကစပြီးရုရှားစစ်တပ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုစဖြစ်တဲ့တရုတ်နိုင်ငံ၊ဟူဘေးပြည်နယ်က ရုရှားနိုင်ငံသားစုစုပေါင်းအယောက်၆၀၀ကျော်ထဲကိုနေရပ်ပြန်ခေါ်သွားမယ်လို့လည်းအာဏာပိုင်တွေကပြောထားပါတယ်။
သီးခြားကိစ္စတစ်ခုအနေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ရုရှားနိုင်ငံသား ၅၈ ယောက်ကို စနေနေ့မှာ ရုရှားနိုင်ငံက အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းမြို့ဆိုချီမှာ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိပြုလုပ်မယ့် နှစ်စဉ်ရုရှားစီးပွားရေးဖိုရမ်ကိုလည်း အချိန်နောက်ဆုတ်ဖို့ မစ်ရှက်တင်က အဆိုပြုခဲ့ပါတယ်။
တရုတ်နိုင်ငံဆီတိုက်ရိုက်ပြေးဆွဲနေတဲ့ခရီးစဉ်တွေကို ရုရှားကကန့်သတ်ထားပြီးမော်စကိုက ရှီရီမက်တီဗိုလေဆိပ်က အထူးဂိတ်တစ်ဂိတ်မှာလက်ခံထားတဲ့အပြင် ခရီးသည်အားလုံးကိုလည်း စစ်ဆေးနေပါတယ်။
တရုတ်နိုင်ငံကိုပြေးဆွဲနေတဲ့ခရီးသည်တင်ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

တရုတ်နိုင်ငံဆီပြေးဆွဲတဲ့လေကြောင်းခရီးစဉ် ၂၀၀ လောက်ကို ရုရှားဖျက်သိမ်းထားပြီး ခရီးသည်အဝင်အထွက်အတွက်လည်း ကုန်းမြေနယ်နိမိတ်ကို အများစုပိတ်ထားပါတယ်။
[Unicode]
ကိုရိုနာဗိုင်းရပ်စ်ရှိသည့် နိုင်ငံခြားသားများကို ရှရုားအစိုးရမှ နှင်ထုတ်မည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် ပြောကြား

မော်စကို၊ ဖေဖော်ဝါရီ ၄
လက်ရှိမြန်မြန်ဆန်ဆန်ပြန့်နှံ့နေတဲ့ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံထားရတယ်လို့စစ်ဆေးတွေ့ရှိတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဖို့စီစဉ်နေတယ်ဆိုပြီးရုရှား၀န်ကြီးချုပ်မက်ခိုင်း မစ်ရှက်တင်က တနင်္လာနေ့မှာပြောပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်မြေ ၄၃၀၀ ကီလိုမီတာထိစပ်နေတဲ့ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်က ဗိုင်းရပ်စ်ကူးစက်ခံရမှု ၂ခုရှိခဲ့ပြီးနှစ်ခုစလုံးဟာတရုတ်နိုင်ငံသားတွေဖြစ်နေပါတယ်။
တနင်္လာနေ့ကစပြီးရုရှားစစ်တပ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုစဖြစ်တဲ့တရုတ်နိုင်ငံ၊ဟူဘေးပြည်နယ်က ရုရှားနိုင်ငံသားစုစုပေါင်းအယောက်၆၀၀ကျော်ထဲကိုနေရပ်ပြန်ခေါ်သွားမယ်လို့လည်းအာဏာပိုင်တွေကပြောထားပါတယ်။
သီးခြားကိစ္စတစ်ခုအနေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ရုရှားနိုင်ငံသား ၅၈ ယောက်ကို စနေနေ့မှာ ရုရှားနိုင်ငံက အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းမြို့ဆိုချီမှာ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိပြုလုပ်မယ့် နှစ်စဉ်ရုရှားစီးပွားရေးဖိုရမ်ကိုလည်း အချိန်နောက်ဆုတ်ဖို့ မစ်ရှက်တင်က အဆိုပြုခဲ့ပါတယ်။
တရုတ်နိုင်ငံဆီတိုက်ရိုက်ပြေးဆွဲနေတဲ့ခရီးစဉ်တွေကို ရုရှားကကန့်သတ်ထားပြီးမော်စကိုက ရှီရီမက်တီဗိုလေဆိပ်က အထူးဂိတ်တစ်ဂိတ်မှာလက်ခံထားတဲ့အပြင် ခရီးသည်အားလုံးကိုလည်း စစ်ဆေးနေပါတယ်။
တရုတ်နိုင်ငံကိုပြေးဆွဲနေတဲ့ခရီးသည်တင်ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

တရုတ်နိုင်ငံဆီပြေးဆွဲတဲ့လေကြောင်းခရီးစဉ် ၂၀၀ လောက်ကို ရုရှားဖျက်သိမ်းထားပြီး ခရီးသည်အ၀င်အထွက်အတွက်လည်း ကုန်းမြေနယ်နိမိတ်ကို အများစုပိတ်ထားပါတယ်။
#PeopleMedia #RT

No comments:

Post a Comment

My Blog List