Wednesday, February 05, 2020

ကိုရိုနာဗိုင်းရပ်စ် သေဆုံး ၄၉၂ ရှိပြီ


Image may contain: 1 person, hat
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၄၉၂ ကူးစက် ၂၄၄၆၉ ရှိသွားပါပြီ။ တရုတ်ခေါင်းဆောင်တွေက ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ ညံ့ဖျင်းခဲ့ကြောင်း မနေ့က ဝန်ခံလိုက်ပါတယ်။
ဒီအတွင်း တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ သောင်တင်နေတဲ့ ထိုင်းနိုင်ငံသား ၁၃၈ ဦးဟာ အထူးလေယာဉ်ပျံတစင်းနဲ့ ထိုင်းနိုင်ငံ Utapao ယူတာပေါင် တပ်မတော်လေဆိပ်ကို မနေ့က ပြန်ရောက်လာပါတယ်။ သူတို့အထဲက အပူချိန်မြင့်မားနေသူ ခြောက်ဦးကို ဆေးရုံကိုပို့လိုက်တယ်လို့ ထိုင်းကျန်းမာရေးဌာနကပြောပါတယ်။ ကျန်သူအားလုံးကို ၁၄ ရက်ကြာ သီးသန့်ထားစောင့်ကြည့်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို စိုးရိမ်ပြီး အစားအစာတွေ အလုအယက်ဝယ်ယူကြတဲ့အတွက် ဈေးဆိုင်တွေမှာ အစားအစာ ပြတ်တောက်မှုတွေ နဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ပေါ်ပေါက်နေပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ၆.၁% ရှိခဲ့ပေမယ့် အခုနှစ်မှာ ၅.၂% အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှာ အခုလို ဖြစ်ပွားမှုကြောင့် ရေနံဝယ်လိုအားကျဆင်းနေရာမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းဟာ ဇန်နဝါရီလဆန်းမှာ တပီပါကို ကန် ဒေါ်လာ ၇ဝ ရှိခဲ့ရာကနေ မနေ့က ပေါက်ဈေး ၅၅ ဒေါ်လာပဲ ရှိပါတယ်။

ဒီရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားကျဆင်းတဲ့အတွက် လေကြောင်းလိုင်းတွေက တရုတ်ပြည်တွင်း ပြည်ပခရီးစဉ် ၂၅ဝဝဝ ခွဲကို ဖျက်သိမ်းခဲ့ပါတယ်။ တရုတ်ပြည်က လာရောက်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် အမေရိကန်ပြည်ထောင်စု ရဲ့ ခရီးသွားလုပ်ငန်းကို ကန်ဒေါ်လာ ၁ဝ ဘီလီယံ နဲ့ အီတလီ ခရီးသွားကဏ္ဍကို ကန် ဒေါ်လာ ၅ ဘီလီယံ ခန့် နစ်နာစေမှာဖြစ်သလို တရုတ် အမေရိကန် ကုန်သွယ်မှုလည်း ထိခိုက်နေတဲ့အတွက် ဒီနှစ်အတွက် အမေရိကန် စီးပွါးရေး တိုးတက်မှုနှုန်း ၁.၇% ပဲ ရှိနိုင်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ တရုတ်ပြည်က လာရောက်လည်ပတ်သူတွေကို ပိတ်ပင်နေကြတဲ့အတွက် တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။ အာရှနိုင်ငံတွေကို လာရောက်လည်ပတ်သူ ၃ဝ% ဟာ တရုတ်ပြည်က ဖြစ်ပါတယ်။
- Unicode
~~~~~~~~~~~~~~~

ကိုရိုနာဗိုင်းရပ်စ် သေဆုံး ၄၉၂ ရှိပြီ
~~~~~~
■ ကိုရိုနာဗိုင်းရပ်စ်ရောဂါေြကာင့် သေဆုံးသူ ၄၉၂ ကူးစက် ၂၄၄၆၉ ရှိသွားပါပြီ။ တရုတ်ခေါင်းဆောင်တွေက ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ ညံ့ဖျင်းခဲ့ကြောင်း မနေ့က ဝန်ခံလိုက်ပါတယ်။

ဒီအတွင်း တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ သောင်တင်နေတဲ့ ထိုင်းနိုင်ငံသား ၁၃၈ ဦးဟာ အထူးလေယာဉ်ပျံတစင်းနဲ့ ထိုင်းနိုင်ငံ Utapao ယူတာပေါင် တပ်မတော်လေဆိပ်ကို မနေ့က ပြန်ရောက်လာပါတယ်။ သူတို့အထဲက အပူချိန်မြင့်မားနေသူ ခြောက်ဦးကို ဆေးရုံကိုပို့လိုက်တယ်လို့ ထိုင်းကျန်းမာရေးဌာနကပြောပါတယ်။ ကျန်သူအားလုံးကို ၁၄ ရက်ကြာ သီးသန့်ထားစောင့်ကြည့်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ြဖစ်ပွားမှုကို စိုးရိမ်ပြီး အစားအစာတွေ အလုအယက်ဝယ်ယူကြတဲ့အတွက် ဈေးဆိုင်တွေမှာ အစားအစာ ပြတ်တောက်မှုတွေ နဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ပေါ်ပေါက်နေပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ၆.၁% ရှိခဲ့ပေမယ့် အခုနှစ်မှာ ၅.၂% အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံမှာ အခုလို ဖြစ်ပွားမှုကြောင့် ရေနံဝယ်လိုအားကျဆင်းနေရာမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းဟာ ဇန်နဝါရီလဆန်းမှာ တပီပါကို ကန် ဒေါ်လာ ၇ဝ ရှိခဲ့ရာကနေ မနေ့က ပေါက်ဈေး ၅၅ ဒေါ်လာပဲ ရှိပါတယ်။

ဒီရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားကျဆင်းတဲ့အတွက် လေကြောင်းလိုင်းတွေက တရုတ်ပြည်တွင်း ပြည်ပခရီးစဉ် ၂၅ဝဝဝ ခွဲကို ဖျက်သိမ်းခဲ့ပါတယ်။ တရုတ်ပြည်က လာရောက်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် အမေရိကန်ပြည်ထောင်စု ရဲ့ ခရီးသွားလုပ်ငန်းကို ကန်ဒေါ်လာ ၁ဝ ဘီလီယံ နဲ့ အီတလီ ခရီးသွားကဏ္ဍကို ကန် ဒေါ်လာ ၅ ဘီလီယံ ခန့် နစ်နာစေမှာဖြစ်သလို တရုတ် အမေရိကန် ကုန်သွယ်မှုလည်း ထိခိုက်နေတဲ့အတွက် ဒီနှစ်အတွက် အမေရိကန် စီးပွါးရေး တိုးတက်မှုနှုန်း ၁.၇% ပဲ ရှိနိုင်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ တရုတ်ပြည်က လာရောက်လည်ပတ်သူတွေကို ပိတ်ပင်နေကြတဲ့အတွက် တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။ အာရှနိုင်ငံတွေကို လာရောက်လည်ပတ်သူ ၃ဝ% ဟာ တရုတ်ပြည်က ဖြစ်ပါတယ်။
Zawgyi
CHANDAN KHANNA / AFP
RFA

No comments:

Post a Comment

My Blog List