Thursday, February 06, 2020

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ NLD နဲ့ တပ်မတော်အကြား နိုင်ငံရေး မကျေလည်မှုတွေ ပါဝင်လား၊ လုပ်ရိုးလုပ်စဉ် သာမန်လား


Image may contain: 2 people
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆေွကို မူလစစ်ဘက် ရာထူး တာဝန်များ ပြန်လည် ထမ်းဆောင်ရန် သမ္မတဦးဝင်းမြင့်က အမိန့်ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တရားအသိပေး အကြောင်းကြားလာပြီဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲသည် NLD အစိုးရနှင့် တပ်မတော်အကြား နိုင်ငံရေး မကျေလည်မှုဟု သုံးသပ်မှုများရှိသကဲ့သို့ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ်ဟု ဟူ၍ လည်း သုံးသပ်မှုများရှိသည်။ ရန်ကုန်ခေတ်သစ်က နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။
ဒေါက်တာနိုင်ဆွေဦး (သေနင်္ဂဗျူဟာအဖွဲ့)

ဒါကတော့ အစိုးရအဖွဲ့တွေမှာ လုပ်ရိုးလုပ်စဉ်တစ်ခုလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထပ်မှာလည်း ဒါမျိုးလုပ်ခဲ့တာရှိတယ်။ ကာကွယ်ရေးဝန်ကြီးပေါ့လေ။ ကာကွယ်ရေးဝန်ကြီး အချိန်းအပြောင်းလုပ်ခဲ့တာရှိတယ်။ ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ထင်တယ်။ သူတို့ကိုအချိန်းအပြောင်းလုပ်ခဲ့ဖူးတယ်ပေါ့။ ဆိုလိုတာက ဒုတိယဝန်ကြီးတွေလည်း အဲလိုလုပ်တာရှိတယ်။ အခုဒီအစိုးရလက်ထပ်မှာ ဥပမာပြောရရင်တော့ ဒုတိယဝန်ကြီးအောင်စိုးပေါ့။ အရင်တုန်းကတော့ ပြည်ထဲရေး ဒုတိယဝန်ကြီးပေါ့လေ။

ပြည်ထဲရေးဒုတိယဝန်ကြီးကနေမှ တပ်မတော် စစ်ဖက်ရာထူး ပြန်လည်ထမ်းဆောင်စေတယ်။ အခုဆိုရင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တောင်မှ ရာထူးတိုးသွားတဲ့ အနေအထားတွေရှိတယ်။ ဒါကတော့ အစိုးရအဖွဲ့တွေမှာ လုပ်ရိုးလုပ်စဉ် အနေအထားဖြစ်တယ်လို့ မြင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်ထင်တာကတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သူအငြိမ်းစာယူမယ့်အချိန်ရောက်လာလို့လား ဒါမျိုးတွေပေါ့။ ဒီလိုတွေတော့ ထင်ပါတယ်။

တခြား နိုင်ငံရေးနဲ့တော့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ လုပ်ရိုးလုပ်စဉ်လုပ်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တပ်မတော်မှာ အခြားတာဝန်ပြန်ပေးမှာလား။ ဒါမျိုးတွေရှိတယ်။ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ်။

ဦးမျိုးရန်နောင်သိန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

အခုပြောနေကျတယ်။ NLD နဲ့အဆင်ပြေလို့ပြန်ခေါ်တယ်ဆိုပြီးတော့ အဲဒါတော့ ကျွန်တော်တော့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပ်ဖက်ကလာတဲ့ ဝန်ကြီးတွေ အားလုံးက အစိုးရအဖွဲ့ဖက်မှာ ရှိနေတဲ့အတွက်ကြောင့် သမ္မတကိုကော အတိုင်ပင်ခံပုဂ္ဂိုလ်ကော နှစ်ယောက်လုံးကို လေးစားမှုရှိတယ်။ တပ်ဘက်လာတဲ့အတွက်ကြောင့် သူတို့တာဝန်ကျေပွန်စွာထမ်းေဆာင်နေတယ်ဗျာ။ ဒီဟာသည် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုတို့ နိုင်ငံရေးလုပ်တာတွေကတော့ သက်သက်ဖွတယ်လို့ပဲ ကျွန်တော်မြင်တယ်။ သာသနာရေးဝန်ကြီးကိစ္စကြောင့်ဆိုတာကတော့ ပြောရမှာခက်တယ်။ တစ်ခုတော့ရှိတယ်။

ဒါကပြည်ထဲရေးဝန်ကြီးနဲ့ တိုက်ရိုက်ဆိုင်ချင်မှဆိုင်မယ်။ တပ်ဘက်ကို ဆန့်ကျင်နေတဲ့သူတွေပေါ့။ ကျွန်တော်ဆိုရင်လည်း ၆၆(ဃ)နဲ့ အရေးယူခံရတယ်။ တပ်ချုပ်ကိုဝေဖန်လို့ အထက်ပိုင်းကတော့ လှမ်းပြီးတော့ဖိအားပေးတာပေါ့ဗျာ။ ဒီကိစ္စတွေမှာကျတော့ ဖိအားပေးတာနည်းတယ်လို့ ကျွန်တော်မြင်တယ်ဗျာ။ သူတို့ကိုသေချာမဖမ်းဘူးဆိုတာကတော့ ပြောရတော့ခက်တယ်။ ဒါပေမယ့်လည်း တကယ်တမ်းဖိအားပေးလုပ်နမယ်ဆိုရင်တော့ မိရင်မိမှာပဲ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သေချာမကိုင်တွယ်ဘူးဆိုတာကတော့ သေချာတယ်။

အဲကိစ္စကြောင့် ပြောင်းတယ်ဆိုတာမျိုးကျတော့လည်း မမြင်ပြန်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ဒါမျိုးကို ဖမ်းစေချင်တယ် လုပ်စေချင်တယ်ဆိုရင် ဖိအားပေးရင် မိမှာပဲ အဲလိုပဲမြင်ပါတယ်။ ကျွန်တော်မြင်တာကတော့ သာမရိုးကျပြောင်းတယ်လို့ပြဲမင်တယ်။ ဒါပေမယ့် အခုကဗျာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆေွက ဒေါ်အောင်ဆန်းစုကြည်ကို ဒုသမ္မတလာတုန်းက ပုံတွေနဲ့လျှောက်ပြီးတော့ ပြောနေဆိုနေကျတာ ဒါသည် အနှစ်သာရမဟုတ်ဘူး။

လုပ်နည်းလုပ်ဟန်အတိုင်းဖြစ်တဲ့ ဖြစ်စဉ်တွေပါ အားလုံးပေါ့လေ။ အဲဒီလုပ်နည်းလုပ်ဟန်အတိုင်းဖြစ်တဲ့ဟာအားလုံးကို နိုင်ငံရေးပုံစံလုပ်ယူပြောတာတွေက ဆိုရှယ်မီဒီယာမှာ ကိုယ့်ရဲ့ post ကိုလူစိတ်ဝင်စားလာအောင် ပြောကျဆိုကျတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီလိုပြောင်းရွေ့တာက နိုင်ငံရေးအရလို့ ကျွန်တော်မမြင်ဘူး။

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျွန်တော်မြင်တာကတော့ ဒီဝန်ကြီးသုံးပါးကို ကာကွယ်ရေးဝန်ကြီးဌာနကို ပေးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ၂ဝဝ၈ အခြေခံဥပဒေပြုပြင်ဖို့နေရာမှာလည်းပါတယ်ဗျာ။ နောက်တစ်ခုကတော့ NLD ပါတီနဲ့ တပ်မတော်ကြားထဲမှာ အမြင်မတူတဲ့ကိစ္စက နဂိုတည်းကရှိပြီးသားကိစ္စဖြစ်နေပါတယ်။

အဲလိုဖြစ်ခဲ့တဲ့ အနေအထားအောက်မှာ ပြီးခဲ့တဲ့နှစ်ရက်က သာသနာရေးဝန်ကြီးဌာန ဝန်ကြီးကပြောလိုက်တာ အဲတာနဲ့ပတ်သက်ပြီးတော့ ဦးဝီရသူတို့ ဘူးလတ်တို့ကို မမိသေးတဲ့ကိစ္စက အဲဒီဝန်ကြီးဌာနက တပ်မတော်လက်အောက်မှာရှိတယ်ဆိုပြီးတော့ သွယ်ဝိုက်ပြီးပြောလိုက်တဲ့ကိစ္စကို တပ်မတော်ကတော်တော်မကျေနပ်ဖြစ်ပုံရတယ်။

အဲတာကြောင့် အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူမယ်။ နိုင်ငံတော်သမ္မတဆီ စာတင်မယ်ဆိုတဲ့ ကိစ္စတွေ ပေါ်လာတော့ တပ်မတော်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တော်တော်လေးမကျေလည်ပုံရပါတယ်။ အဲမကျေလည်မှုတွေကို သူတို့အနေနဲ့ ဆက်ပြီးတော့ သူတို့အနေနဲ့ အရှိန်မြှင့်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးကိုပြန်ခေါ်လိုက်တယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

အဲဒါကတော့ ပြောရခက်ပါတဲ့ဗျ။ာ ဒီတပ်ချုပ်အနေနဲ့ကတော့ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး ၊နယ်စပ်လ့လာရေး ဒီသုံးခုကိုတော့ စိတ်ကြိုက်ကို အဆိုပြုခွင့်ရှိတယ်။ ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ်ဆိုတဲ့ အနေအထားအောက်မှာပဲ ဖွဲ့စည်းပုံ အခြေခံအတိုင်းလုပ်တယ်လို့ထက်ပါရဲ့။ အဲဒီတော့ ဒီNLDနဲ့ အဆင်ပြေ တယ် မပြေဘူးဆိုတာ အထင်မြင်ယူဆချက် အမျိုးမျိုးရှိပါလိမ်မယ့်။

ကျွန်တော် တစ်ဦးချင်းကတော့ သီးသန့်မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် လောလောဆယ် သမ္မတရဲ့ အမိန့်စာထဲမှာတော့ စစ်ဘက် တာဝန်များ ပြန်တာဝန်ထမ်းဆောင်ဖို့ဆိုြပီးတဲ့ဟာပါတဲ့အခါကျတော့ သက်ပြည့်ပင်စင် မပေးဘူးလားဆိုတာတော့ ယတိပြတ်ပြောဖို့ခက်ပါတယ်။

ဒေါက်တာ အောင်မျိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

အဲဒါကတော့ ပြေလည်တာ မပြေလည်တာပါဆိုတာတွေကတော့ ပြောလို့မရတဲ့နောက်ကွယ်က ကိစ္စတွေ တကယ်ကတော့ ကိုကျော်ဆွေက အသက် ၆၀ ကပြည့်ပြီလေ။ ပြည့်တော့မှာ ကပ်နေပြီပေါ့ သူကပုံမှန်အတိုင်း ပဲ ပင်စင်ယူရမဲ့ကိစ္စပါ။ ဟုတ်နေရင်တောင် ကျွန်တော်တို့က NLDနဲ့ ပြေလည်လို့ လုပ်တယ်လို့ဟုတ်တယ်လို့ ကိုယ့်ကထင်နေရင်တောင်မှ အဲဒါ သံသယပဲရှိပါတယ်။

သံသယအဆင့်ပဲရှိတယ် အသက်ကလည်းမပြည့် သေးဘူးပေါ့ဆိုရင်တော့ ဥပမာဆိုပါတော့ ငယ်ငယ်လေးရှိသေးတယ်။အနားယူဖို့ ပင်စင်ယူဖို့ ကလည်းပဲ ၂နှစ် ၃နှစ်လောက်လိုတယ်ဆိုရင်တော့ တစ်ပိုင်းပေါ့။ အခုတိုင်းကျတော့ ကျွန်တော်တို့ကအဲဒီလိုမျိုး ပြောဖို့က ပြောဖို့အခွင့်အရေးမရှိဘူးေပါ့ ။ ဒီသဘောပေါ့ သံသယဖြစ်နေတယ် သံသယပေါ့နော်။ ဟုတ်ချင်ဟုတ်မယ် ဟုတ်ချင်မှလည်း ဟုတ်မယ်အဲဒီလိုဖြစ်တာပေါ့။

တကယ်တော့ ဘယ်လောက် ပြေလည်ပြေလည် သူဘာမှလုပ်လို့မရတာ ပုဂ္ဂိုလ်ရေး ပြေလည်ချင်ပြေလည်မှာပဲလေ ပြေလည်တယ်ဆိုတာလည်းကောင်းတာပေါ့ဗျာ။ ဒါပေမယ့် တစ်ခြားဘာမှလုပ်လို့မရတာလေ။

Photo Credit - MSCO and Agencies
မိုးယံခ/ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List