Thursday, February 06, 2020

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဘေလ်ဂိတ်စ်က ဒေါ်လာ သန်း ၁၀၀ လှူဒါန်း


Image may contain: 1 person, eyeglasses
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၁၀၀ အထိ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဘေလ်ဂိတ်စ်၏ဖောင်ဒေးရှင်းက ဖေဖော်ဝါရီလ ၅ ရက်တွင် ကတိပြုပြောကြားလိုက်သည်။ ယင်းရောဂါပိုးကြောင့် တရုတ်တွင် သေဆုံးသူ လူ ၅၆၀ ကျော် လာပြီဖြစ်ပြီး အမေရိကတွင် ထိုရောဂါပိုး ကူးစက်ခံရသူပေါင်း ၁၂ ဦးအထိ ရှိလာပြီဖြစ်သည်။
ရောဂါပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါပိုး ရှိသူများကို သီးသန့်ခွဲထားခြင်း၊ ၎င်းတို့ကိုကုသပေးခြင်း၊ ရောဂါကူးစက်နိုင်ခြေ ရှိသူများကို ကာကွယ်ပေးခြင်း၊ ကာကွယ်ဆေး ဖော်ထုတ်ခြင်းစသည်တို့အတွက် ယင်းငွေကို လှူဒါန်းသွားမည်ဖြစ်သည်။ 

ဒေါ်လာသန်း ၂၀ ကို အစိုးရနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကိုပေးအပ်သွားမည်ဖြစ်သည်။ ဒေါ်လာ သန်း ၆၀ ကို ကာကွယ်ဆေး၊ ကုသမှု၊ ရောဂါရှာဖွေဖော်ထုတ်မှုတို့အတွက် ပေးအပ်သွားမည်ဖြစ်ပြီး ကျန် ဒေါ်လာ သန်း ၂၀ ကို အာဖရိကနှင့် တောင်အာရှရှိနိုင်ငံများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
( DM, 6.2.20) ချယ်ရီ

No comments:

Post a Comment

My Blog List