Friday, February 07, 2020

YBS ၄ ဖြစ်စဉ်ကိုအကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများအားစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမည်

Image may contain: 1 person, closeup
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် YBS ၄ ဖြစ်စဉ်ကို အကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။
ရန်ကုန်မြို့ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၅ ရက်ကကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“YBS ၄ ဖြစ်စဉ်မှာဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းဟာ YBS ယာဉ်မောင်းမဟုတ်ပါဘူး။ ကားကတော့ YUPT ကကားပါ။ ပုဂ္ဂလိကပိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ကနဦးမောင်းတဲ့ယာဉ်မောင်းဟာ သူ့အိမ်ကအရေးကြီးကိစ္စနဲ့ဖုန်းဆက်လို့ သူကကားပေါ်မှာပါတဲ့သူ့အပေါင်းအသင်းကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ သူ့ယာဉ်လိုင်းကတော့ သူ့ကို တစ်လပိတ်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလက်မခံပါဘူး။ သူ့ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ လုပ်နေပါတယ်။ သူသည်အခွင့်အာဏာမရှိဘဲနဲ့လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နောက်ထပ်မဖြစ်အောင် YBS ယာဉ်လိုင်းကုမ္ပဏီတွေကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
အမှုဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သည့်အသက်၂၄နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးသည် ဇန်နဝါရီလ ၁၃ ရက်တွင်ဗိုလ်တထောင်မြို့နယ်ရှိသူငယ်ချင်းဖြစ်သူမှာ နေမကောင်းသဖြင့်သွားရောက်ပြုစုပေးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင်ဂန္ဒီမှတ်တိုင်မှ YBS ၄ ယာဉ်လိုင်းမှယာဉ်တစ်စီးကိုစီး၍ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ပြန်လာခဲ့ကြောင်း သိရသည်။
YBS ယာဉ်ပေါ်တွင်ယာဉ်မောင်း၏ နောက်ခုံမှထိုင်၍လိုက်ပါလာခဲ့ပြီးထိုသို့လိုက်ပါလာစဉ် ခေါင်းမူးသဖြင့် မှေး၍လိုက်ပါလာရာဆင်းရမည့်မှတ်တိုင်ဖြစ်သည့် ၆၅ မှတ်တိုင်ကိုကျော်လွန်၍မဆင်းမိဘဲ ယာဉ်ပေါ်သို့ဆက်၍ပါသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပါသွားရာယာဉ်မောင်းဖြစ်သူက ယုဇနတွင်ဂိတ်ဆုံးမည်ဖြစ်ကြောင်းနှင့် ယာဉ်မှာချက်ချင်းပြန်ထွက်မည်ဟု ပြောဆိုခဲ့သည့်အတွက်ဆက်လက်လိုက်ပါလာခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်သို့ ရောက်ရှိချိန်တွင် ယာဉ်ပေါ်ပါအခြားခရီးသည်များဆင်းသွားချိန်၎င်းကယာဉ်ပေါ်တွင်ထိုင်နေခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသမီးထိုင်နေစဉ် ယာဉ်မောင်းကတံခါးများကိုလိုက်လံပိတ်ပြီး ၎င်းထံသို့ရောက်ရှိလာကာ ပါးစပ်ပိတ်၍သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟု အမှုဖွင့်တိုင်တန်းချက်အရသိရပြီး မည်သူမျှပြန်မပြောရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီးအခြားယာဉ်တစ်စီးပေါ်သို့တင်ပေးခဲ့သဖြင့် ပြန်လည်လိုက်ပါလာပြီး ၆၅ မှတ်တိုင်အရောက်ဆင်းကာအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ဝင်ရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
Image may contain: sky and outdoor
စုသက်နှင်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
YBS ၄ ဖြစ်စဉ်ကိုအကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများအားစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမည်
------- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ------
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် YBS ၄ ဖြစ်စဉ်ကို အကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။
ရန်ကုန်မြို့ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၅ ရက်ကကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“YBS ၄ ဖြစ်စဉ်မှာဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းဟာ YBS ယာဉ်မောင်းမဟုတ်ပါဘူး။ ကားကတော့ YUPT ကကားပါ။ ပုဂ္ဂလိကပိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ကနဦးမောင်းတဲ့ယာဉ်မောင်းဟာ သူ့အိမ်ကအရေးကြီးကိစ္စနဲ့ဖုန်းဆက်လို့ သူကကားပေါ်မှာပါတဲ့သူ့အပေါင်းအသင်းကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ သူ့ယာဉ်လိုင်းကတော့ သူ့ကို တစ်လပိတ်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလက်မခံပါဘူး။ သူ့ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ လုပ်နေပါတယ်။ သူသည်အခွင့်အာဏာမရှိဘဲနဲ့လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နောက်ထပ်မဖြစ်အောင် YBS ယာဉ်လိုင်းကုမ္ပဏီတွေကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
အမှုဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သည့်အသက်၂၄နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးသည် ဇန်နဝါရီလ ၁၃ ရက်တွင်ဗိုလ်တထောင်မြို့နယ်ရှိသူငယ်ချင်းဖြစ်သူမှာ နေမကောင်းသဖြင့်သွားရောက်ပြုစုပေးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင်ဂန္ဒီမှတ်တိုင်မှ YBS ၄ ယာဉ်လိုင်းမှယာဉ်တစ်စီးကိုစီး၍ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ပြန်လာခဲ့ကြောင်း သိရသည်။
YBS ယာဉ်ပေါ်တွင်ယာဉ်မောင်း၏ နောက်ခုံမှထိုင်၍လိုက်ပါလာခဲ့ပြီးထိုသို့လိုက်ပါလာစဉ် ခေါင်းမူးသဖြင့် မှေး၍လိုက်ပါလာရာဆင်းရမည့်မှတ်တိုင်ဖြစ်သည့် ၆၅ မှတ်တိုင်ကိုကျော်လွန်၍မဆင်းမိဘဲ ယာဉ်ပေါ်သို့ဆက်၍ပါသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပါသွားရာယာဉ်မောင်းဖြစ်သူက ယုဇနတွင်ဂိတ်ဆုံးမည်ဖြစ်ကြောင်းနှင့် ယာဉ်မှာချက်ချင်းပြန်ထွက်မည်ဟု ပြောဆိုခဲ့သည့်အတွက်ဆက်လက်လိုက်ပါလာခဲ့ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်သို့ ရောက်ရှိချိန်တွင် ယာဉ်ပေါ်ပါအခြားခရီးသည်များဆင်းသွားချိန်၎င်းကယာဉ်ပေါ်တွင်ထိုင်နေခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသမီးထိုင်နေစဉ် ယာဉ်မောင်းကတံခါးများကိုလိုက်လံပိတ်ပြီး ၎င်းထံသို့ရောက်ရှိလာကာ ပါးစပ်ပိတ်၍သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဟု အမှုဖွင့်တိုင်တန်းချက်အရသိရပြီး မည်သူမျှပြန်မပြောရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီးအခြားယာဉ်တစ်စီးပေါ်သို့တင်ပေးခဲ့သဖြင့် ပြန်လည်လိုက်ပါလာပြီး ၆၅ မှတ်တိုင်အရောက်ဆင်းကာအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ဝင်ရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List