Tuesday, February 04, 2020

ဟောင်ကောင်မှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမျိုးသားတစ်ယောက်သေဆုံး၊ တရုတ်ပြည်မကြီးပြင်ပဒုတိယမြောက်သေဆုံးမှုဖြစ်လာ

Image may contain: one or more peopleImage may contain: one or more people
ဒီနေ့မနက်ပိုင်းက ဟောင်ကောင်မှာ အသက် ၃၇ အရွယ်အမျိုးသားတစ်ယောက် ဝူဟန်ကိုရိူနယဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ကူးစက်ခံရလို့ဆေးရုံမှာကုသမှုခံယူနေပြီးနောက် ရုတ်တရက်နှလုံးရပ်သေဆုံးခဲ့တာလို့ ဟောင်ကောင်မီဒီယာတွေမှာဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်ပြည်မကြီးပြင်ပမှာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက်သေဆုံးမှုဖြစ်ပြီး တနင်္ဂနွေနေ့တုန်းကလည်း ဖိလစ်ပိုင်မှာ ဝူဟန်ကလာတဲ့ အသက် ၄၄ နှစ်အရွယ်တရုတ်အမျိုးသားတစ်ယောက်သေဆုံးခဲ့ပါတယ်။
ဟောင်ကောင်ကအမျိုးသားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတေယ့ မသိရသေးပါဘူး။
ဒါပေမဲ့ ဒီနေ့နေ့လည်လောက်မှာပြုလုပ်မယ့်သတင်းစာရှင်းလင်းပွဲမှာ ဟောင်ကောင်အစိုးရက ထုတ်ပြောသွားမယ်လို့ ဟောင်ကောင်မီဒီယာတွေမှာဖော်ပြပါတယ်။

ဒီနေ့တရုတ်အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရတော့ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၅ ယောက်ရှိလာပြီး ကူးစက်ခံရသူအယောက် ၂၀၄၀၀ ရှိလာပြီလို့သိရပါတယ်။
ဟောင်ကောင်နဲ့တရုတ်ပြည်မကြီးဆက်တဲ့နယ်စပ်ဝင်ပေါက် ၁၃ ခုထဲက ၁၀ ခုကိုပိတ်လိုက်ပြီလို့ ဟောင်ကောင်ခေါင်းဆောငက် တနလ်ာနေ့မှာကြေညာပါတယ်။
Source- CNA
Photo- People's Daily China

[Unicode]
ဟောင်ကောင်မှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမျိုးသားတစ်ယောက်သေဆုံး၊ တရုတ်ပြည်မကြီးပြင်ပဒုတိယမြောက်သေဆုံးမှုဖြစ်လာ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၄
ဒီနေ့မနက်ပိုင်းက ဟောင်ကောင်မှာ အသက် ၃၇ အရွယ်အမျိုးသားတစ်ယောက် ဝူဟန်ကိုရိူနယဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ကူးစက်ခံရလို့ဆေးရုံမှာကုသမှုခံယူနေပြီးနောက် ရုတ်တရက်နှလုံးရပ်သေဆုံးခဲ့တာလို့ ဟောင်ကောင်မီဒီယာတွေမှာဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်ပြည်မကြီးပြင်ပမှာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက်သေဆုံးမှုဖြစ်ပြီး တနင်္ဂနွေနေ့တုန်းကလည်း ဖိလစ်ပိုင်မှာ ဝူဟန်ကလာတဲ့ အသက် ၄၄ နှစ်အရွယ်တရုတ်အမျိုးသားတစ်ယောက်သေဆုံးခဲ့ပါတယ်။
ဟောင်ကောင်ကအမျိုးသားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတေယ့ မသိရသေးပါဘူး။
ဒါပေမဲ့ ဒီနေ့နေ့လည်လောက်မှာပြုလုပ်မယ့်သတင်းစာရှင်းလင်းပွဲမှာ ဟောင်ကောင်အစိုးရက ထုတ်ပြောသွားမယ်လို့ ဟောင်ကောင်မီဒီယာတွေမှာဖော်ပြပါတယ်။

ဒီနေ့တရုတ်အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရတော့ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၅ ယောက်ရှိလာပြီး ကူးစက်ခံရသူအယောက် ၂၀၄၀၀ ရှိလာပြီလို့သိရပါတယ်။
Source- CNA
Photo- People's Daily China
#PeopleMedia
#Wuhan #HongKong #2019nCoV

No comments:

Post a Comment

My Blog List