Monday, February 03, 2020

ဝူဟန်မြို့က မြန်မာကျောင်းသား ၆၃ ဦးတွင် ၅၉ ဦး ပြန်လည်ရောက်ရှိ နေမကောင်းသူ ၂ ဦးနှင့် စုစုပေါင်း ၄ ဦးကျန်ရစ်

Image may contain: text
တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာရောက်ရှိနေသော မြန်မာနိုင်ငံကျောင်းသား/သူများ ယနေ့မနက်အ‌စောပိုင်း က မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး ကျောင်းသား ၆၃ ဦးအနက် နေမကောင်းတဲ့သူ ၂ ဦး၊ ပတ်စပို့/ဗီဇာမရှိတဲ့သူ ၁ ဦးနှင့် ပြည်နယ်ပြင်ပရောက်ရှိနေသူ ၁ ဦး (စုစုပေါင်းလေးဦး) သည် ဝူဟန်မြို့မှာ ကျန်နေခဲ့ပြီး မန္တလေးကို (၅၉)ဦးသာ ပြန်ရောက်လာခြင်းဖြစ်ကာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်နဒီဆေးရုံတွင် ထားရှိထားကြောင်း သိရသည်။

ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်ထားရှိစောင့်ကြည့်မှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ကန်တော်နဒီဆေးရုံအနီးဝန်းကျင်နဲ့ မျက်နှာစာနေရာများကို သက်ဆိုင်ရာတာဝန် ရှိသူများမှအပ ဖြတ်သန်းသွားလာခြင်းမပြုဖို့အတွက် သတိပေးစာများကပ်ထားပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။
“ မိမိအတွက်ချထားပေးတဲ့ အခန်းထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်း စကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။ အထူးသဖြစ် မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဉ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။
အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ၊ရေနွေး၊ မနက်၊နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့် အစွန်ဆုံးအခန်းကို အလွတ်ထားပြီး စားပွဲတွေပေါ် တင်ပေးထားမှာပါ။ လာတင်မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲ bell တီးမှသာ လာရောက်ယူခွင့်ရှိမှာပါ။ Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန်ရှောင်ရန်ညွှန်ကြားချက်များကို လာကြိုတဲ့ ကားပေါ်မတက်ခင် ဖြန့်ဝေမှာဖြစ် သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။ကျောင်းသားတွေကို နှုတ်နဲ့ရှင်းပြရင် exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်။ စည်ပင်က ကျန်းမာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် မြို့တော်အတွက် တိုင်းပြည်အတွက် အရေးကြီးရင်သွေးနီးရမှာဖြစ်လို့ မြို့တော်စည်ပင်က လိုအပ်တာမှန်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်

ကျောင်းသားတွေကိုစောင့်ကြည်စစ်ဆေးမယ်နေရာကို အတင်းဝင်ရောက်သူရှိလာရင်လည်း လေးဂွ၊ ရာဘာကျည်ဆန်တို့နဲ့ ပစ်ခတ်ဖို့ အမိန့်ကိုလည်း ပေးထားတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ရဲ့ ဖေစ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားသည်။
နေမကောင်းသူ ၂ ဦးကို ရောဂါမပျံ့ပွားရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ဝူဟန်မြို့ ကျန်းမာရေးအာဏာပိုင်များ၏ တားမြစ်ချက်အရ ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ထုတ်ပြန်သည့် ဘေကျင်းသံရုံး၏ထုတ်ပြန်ချက်တွင် နေမကောင်းသည့် ကျောင်းသား ၂ ဦးသည် ကျန်းမာရေးကောင်း မွန်ပြီး ၎င်းတို့နေထိုင်ရာအဆောင်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, people standing, hat and indoor
Image may contain: night and indoor
ဆွေနိုင်စစ်
Tomorrow News Journal
Unicode
ဝူဟန်မြို့က မြန်မာကျောင်းသား ၆၃ ဦးတွင် ၅၉ ဦး ပြန်လည်ရောက်ရှိ နေမကောင်းသူ ၂ ဦးနှင့် စုစုပေါင်း ၄ ဦးကျန်ရစ်

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာရောက်ရှိနေသော မြန်မာနိုင်ငံကျောင်းသား/သူများ ယနေ့မနက်အ‌စောပိုင်း က မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး ကျောင်းသား ၆၃ ဦးအနက် နေမကောင်းတဲ့သူ ၂ ဦး၊ ပတ်စပို့/ဗီဇာမရှိတဲ့သူ ၁ ဦးနှင့် ပြည်နယ်ပြင်ပရောက်ရှိနေသူ ၁ ဦး (စုစုပေါင်းလေးဦး) သည်
ဝူဟန်မြို့မှာ ကျန်နေခဲ့ပြီး မန္တလေးကို (၅၉)ဦးသာ ပြန်ရောက်လာခြင်းဖြစ်ကာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်နဒီဆေးရုံတွင် ထားရှိထားကြောင်း သိရသည်။

ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်ထားရှိစောင့်ကြည့်မှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ကန်တော်နဒီဆေးရုံအနီးဝန်းကျင်နဲ့ မျက်နှာစာနေရာများကို သက်ဆိုင်ရာတာဝန် ရှိသူများမှအပ ဖြတ်သန်းသွားလာခြင်းမပြုဖို့အတွက် သတိပေးစာများကပ်ထားပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။
“ မိမိအတွက်ချထားပေးတဲ့ အခန်းထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်း စကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။ အထူးသဖြစ် မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဉ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။
အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ၊ရေနွေး၊ မနက်၊နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့် အစွန်ဆုံးအခန်းကို အလွတ်ထားပြီး စားပွဲတွေပေါ် တင်ပေးထားမှာပါ။ လာတင်မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲ bell တီးမှသာ လာရောက်ယူခွင့်ရှိမှာပါ။ Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန်ရှောင်ရန်ညွှန်ကြားချက်များကို လာကြိုတဲ့ ကားပေါ်မတက်ခင် ဖြန့်ဝေမှာဖြစ် သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။ကျောင်းသားတွေကို နှုတ်နဲ့ရှင်းပြရင် exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်။ စည်ပင်က ကျန်းမာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် မြို့တော်အတွက် တိုင်းပြည်အတွက် အရေးကြီးရင်သွေးနီးရမှာဖြစ်လို့ မြို့တော်စည်ပင်က လိုအပ်တာမှန်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်

ကျောင်းသားတွေကိုစောင့်ကြည်စစ်ဆေးမယ်နေရာကို အတင်းဝင်ရောက်သူရှိလာရင်လည်း လေးဂွ၊ ရာဘာကျည်ဆန်တို့နဲ့ ပစ်ခတ်ဖို့ အမိန့်ကိုလည်း ပေးထားတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ရဲ့ ဖေစ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားသည်။
နေမကောင်းသူ ၂ ဦးကို ရောဂါမပျံ့ပွားရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ဝူဟန်မြို့ ကျန်းမာရေးအာဏာပိုင်များ၏ တားမြစ်ချက်အရ ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ထုတ်ပြန်သည့် ဘေကျင်းသံရုံး၏ထုတ်ပြန်ချက်တွင် နေမကောင်းသည့် ကျောင်းသား ၂ ဦးသည် ကျန်းမာရေးကောင်း မွန်ပြီး ၎င်းတို့နေထိုင်ရာအဆောင်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆွေနိုင်စစ်

No comments:

Post a Comment

My Blog List