Thursday, February 06, 2020

စာမေးပွဲဖြေဆိုရက် နောက်ဆုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သူ သုံး ဦးအား အမှုဖွင့်

Image may contain: 3 people, people sitting
အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုရက် နောက်ဆုတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့သည့် ကျောင်းသား/သူ သုံးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ (၁၉) ဖြင့် ဖေဖော်ဝါရီ ၅ အမှုဖွင့်ထားကြောင်းသိရသည်။

အဆိုပါ ဆန္ဒပြမှုကို ဖေဖော်ဝါရီလ ၄ ရက်က ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်၊ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂမြား ကိုယျစားပွုကောျမတီဝငျ မန်တလေးပညာရေးကောလိပျ မှ ကိုအောငျမြိုးကို၊ဗကသ မြားအဖှဲ့ခြုပျအဖှဲ့ဝငျ မမူးဇူးဇနျ တို့ကို အမှတျ (၃) ရဲစခနျးတှငျ အမှုဖှငျ့ထားခွငျးဖွစျသညျ ။
``အခုတော့ ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး။ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ပြီးမှ ထုတ်ပြန်ပေးသွားမယ်´´ ဟု ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီတာဝန်ခံ ကိုမျိုးချစ်ဇော် က ပြောသည် ။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်နေ့က စာထုတ်ခဲ့သည် ။

စာမေးပွဲကာလနောက်ဆုတ်လိုက်သည့်အတွက် ကျောင်းသားသမဂ္ဂများ၊ ဆရာ ဆရာမများ၏ ကန့်ကွက်လှုပ်ရှားမှုများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြမှုများကြောင့် စာမေးပွဲကိုအချိန်ကို ယခင်အတိုင်း ပြန်လည် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည် ။
နိုင်လင်းဦး

(zaw gyi)
စာမေးပွဲဖြေဆိုရက် နောက်ဆုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သူ သုံး ဦးအား အမှုဖွင့်
အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုရက် နောက်ဆုတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့သည့် ကျောင်းသား/သူ သုံးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ (၁၉) ဖြင့် ဖေဖော်ဝါရီ ၅ အမှုဖွင့်ထားကြောင်း သိရသည် ။
အဆိုပါ ဆန္ဒပြမှုကို ဖေဖော်ဝါရီလ ၄ ရက်က ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်၊ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဝင် မန္တလေးပညာရေးကောလိပ် မှ ကိုအောင်မျိုးကို၊ဗကသ များအဖွဲ့ချုပ်အဖွဲ့ဝင် မမူးဇူးဇန် တို့ကို အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည် ။
``အခုတော့ ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး။ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ပြီးမှ ထုတ်ပြန်ပေးသွားမယ်´´ ဟု ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီတာဝန်ခံ ကိုမျိုးချစ်ဇော် က ပြောသည် ။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်နေ့က စာထုတ်ခဲ့သည် ။

စာမေးပွဲကာလနောက်ဆုတ်လိုက်သည့်အတွက် ကျောင်းသားသမဂ္ဂများ၊ ဆရာ ဆရာမများ၏ ကန့်ကွက်လှုပ်ရှားမှုများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြမှုများကြောင့် စာမေးပွဲကိုအချိန်ကို ယခင်အတိုင်း ပြန်လည် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည် ။

No comments:

Post a Comment

My Blog List