Thursday, February 06, 2020

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ၁၀ ရက်ဆက်တိုက်အနားမယူဘဲ အလုပ်လုပ်သည့် ဆရာဝန် သေဆုံးသွား


Image may contain: 2 people, selfie and closeup
အသစ်ပေါ်လာသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ၁၀ ရက်ဆက်တိုက်အနားမယူဘဲ အလုပ်လုပ်သည့် တရုတ်ဆရာဝန် နှလုံးဖောက်ကာ သေဆုံးသွားကြောင်းဖေဖော်ဝါရီလ ၅ ရက်သတင်းက ဆိုသည်။ 



အသက် ၂၇ နှစ်အရွယ် ဆောင်ယင်ဂျီသည်ရောဂါပိုး စတင်ဖြစ်ပွားရာ ဟူဘီပြည်နယ်နှင့်ကပ်လျက် ဟူနန်ပြည်နယ်ရှိ ဆေးခန်းတွင်ခေါင်းဆောင်ဆရာဝန်ဖြစ်သည်။ ၎င်းက အမြန်လမ်းမကြီးတွင် ကားမောင်းနှင်လာသည့်ယာဉ်မောင်းများနှင့် ကားပေါ်ပါလာသည့် ခရီးသည်များကို ကိုယ်အပူချိန်တိုင်းပေးသည့် ဆေးအဖွဲ့အားဦးဆောင်ရသည်။ 

ထိုဆရာဝန်သည် ဇန်နဝါရီလ ၂၅ ရက်ကတည်းက ဆက်တိုက်အလုပ်လုပ်ခဲ့သည်ဟု အရာရှိများက ဆိုသည်။ ယင်းရောဂါပိုးကို တိုက်ဖျက်ရန်အတွက် တရုတ်တလွှားရှိဆရာဝန်များ နေ့မအား၊ ညမနား အလုပ်လုပ်နေရပြီး ထိုဆရာဝန်များကို လူထုက ချီးကျူးဂုဏ်ပြုနေကြချိန်တွင် ဆရာဝန်တစ်ဦး ကျဆုံးသွားပြန်ခြင်းဖြစ်သည်။ တရုတ်တွင် ထိုရောဂါပိုးကြောင့်သေဆုံးသွားသူပေါင်း ၅၆၀ ကျော်လာပြီဖြစ်သည်။

ချယ်ရီ

Pyi Myanmar

No comments:

Post a Comment

My Blog List