Monday, February 03, 2020

အခြေခံပညာကျောင်းစစ်စာမေးပွဲများကို ရှစ်တန်းစာမေးပွဲအပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးမည်

Image may contain: 1 person, indoorImage may contain: one or more people, people standing, wedding, tree and outdoor
အခြေခံပညာကျောင်းများ၏ ကျောင်းစစ်စာမေးပွဲ စစ်ဆေးခြင်းကို ရှစ်တန်းစာမေးပွဲဖြေဆိုအပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်ကို ပညာရေးဝန်ကြီးဌာနက လက်ခံခဲ့ကြောင်း အမျိုးသားလွှတ်တော် ပညာရေးကော်မတီအတွင်းရေးမှူး ဦးကျော်တုတ် က ဖေဖော်ဝါရီ ၃ ရက်တွင် The Ladies သို့ပြောသည်။

“ရှစ်တန်းစာမေးပွဲက မတ်လ ၃ ရက်နေ့ပြီးမယ်၊ တက္ကသိုလ်ဝင်တန်းက မတ်လ ၁၁ ရက်မှာ စစစ်မယ် ဆိုတော့ အဲ့ဒီ ကြားထဲမှာစစ်မှာပေါ့။ ရက်ကတော့ အတိအကျမပြောတော့ဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးတွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အဆင်ပြေတဲ့အချိန် ညှိနှိုင်းပြီး လုပ်ဖို့ပေါ့။ မကြာခင်မှာ ပညာရေးဝန်ကြီးဌာနက စာထုတ် ပါလိမ့်မယ်”ဟု ဦးကျော်တုတ်က ပြောသည်။
နေပြည်တော် အမျိုးသားလွှတ်တော် ထမင်းစားဆောင်တွင် ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပါဝင်သော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီးနောက် ယင်းသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသလိုပဲပေါ့။ ဒီကိစ္စကို ကျွန်တော် တို့ ပညာရေးမြှင့်တင်မှုကာ်မတီက အထက်အောက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတာ အတော်ကြာပြီ၊ အခုလို အဆင်ပြေပြေ ဖြစ်သွားတဲ့ အတွက် ဝန်ကြီးကိုလည်း ကျေးဇူးတင်တယ်။ အမျိုးသားလွှတ်တော် ဥက္ကဌ ကြီးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်”ဟု ဦးကျော်တုတ်က ပြောကြားခဲ့သည်။
ယခင်က ကျောင်းစစ်စာမေးပွဲများကို ၈ တန်း၊ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကာလအပြီး မတ်လကုန်တွင် စစ်ဆေးမည်ဟု ပြောင်းလဲ ခဲ့သဖြင့် အခြေခံပညာ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများက ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
The Ladies News
အခြေခံပညာကျောင်းစစ်စာမေးပွဲများကို ရှစ်တန်းစာမေးပွဲအပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးမည်
---- --- ---
အခြေခံပညာကျောင်းများ၏ ကျောင်းစစ်စာမေးပွဲ စစ်ဆေးခြင်းကို ရှစ်တန်း စာမေးပွဲဖြေဆိုအပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ် များ၏ အကြံပြုချက်ကို ပညာရေးဝန်ကြီးဌာနက လက်ခံခဲ့ကြောင်း အမျိုးသား လွှတ်တော် ပညာရေးကော်မတီအတွင်းရေးမှူး ဦးကျော်တုတ် က ဖေဖော်ဝါရီ ၃ ရက်တွင် The Ladies သို့ပြောသည်။

“ရှစ်တန်းစာမေးပွဲက မတ်လ ၃ ရက်နေ့ပြီးမယ်၊ တက္ကသိုလ်ဝင်တန်းက မတ်လ ၁၁ ရက်မှာ စစစ်မယ် ဆိုတော့ အဲ့ဒီ ကြားထဲမှာစစ်မှာပေါ့။ ရက်ကတော့ အတိအကျမပြောတော့ဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးတွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အဆင်ပြေတဲ့အချိန် ညှိနှိုင်းပြီး လုပ်ဖို့ပေါ့။ မကြာခင်မှာ ပညာရေးဝန်ကြီးဌာနက စာထုတ် ပါလိမ့်မယ်”ဟု ဦးကျော်တုတ်က ပြောသည်။
နေပြည်တော် အမျိုးသားလွှတ်တော် ထမင်းစားဆောင်တွင် ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပါဝင်သော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီးနောက် ယင်းသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသလိုပဲပေါ့။ ဒီကိစ္စကို ကျွန်တော် တို့ ပညာရေးမြှင့်တင်မှုကာ်မတီက အထက်အောက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတာ အတော်ကြာပြီ၊ အခုလို အဆင်ပြေပြေ ဖြစ်သွားတဲ့ အတွက် ဝန်ကြီးကိုလည်း ကျေးဇူးတင်တယ်။ အမျိုးသားလွှတ်တော် ဥက္ကဌ ကြီးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်”ဟု ဦးကျော်တုတ်က ပြောကြားခဲ့သည်။
ယခင်က ကျောင်းစစ်စာမေးပွဲများကို ၈ တန်း၊ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကာလအပြီး မတ်လကုန်တွင် စစ်ဆေးမည်ဟု ပြောင်းလဲ ခဲ့သဖြင့် အခြေခံပညာ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား များက ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
The Ladies News

No comments:

Post a Comment

My Blog List