Monday, February 03, 2020

ပလက်ဝဒေသခံပြည်သူများအရေး ချင်းအမတ်ဦးဝှေ့တင်း အမျိုးသားလွှတ်တော်တွင် မေးခွန်းမေး

Image may contain: 2 people, text
သွားလာရေးအန္တရာယ်ရှိနေသည့်အတွက် ပလက်ဝ-အဘောင်သား-ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်းကြိုးတံတားကို အသစ်ပြန်လည်တည်ဆောက်ပေးရေး ချင်းအမတ်ဦးဝှေ့တင်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင်မေးခွန်းမေးခဲ့သည်။

၎င်းက ဒေသခံပြည်သူများလိုလားတောင်းတနေသည့်အတွက် မေးခွန်းမေးတောင်းဆိုရခြင်းဟု ရှင်းလင်းပြောဆိုကာ မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။
လက်ရှိရှိနေသည့် ကြိုးတံတားသည် ပေ ၂၂၀အရှည်ရှိပြီး၊၂၀၁၄-၂၀၁၅ခုနှစ်က တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်သည်။
ဆောက်လုပ်စဉ်က အရည်အသွေးညံ့ဖျင်းခြင်း၊ရေမျက်နှာပြင်အထက် ပေအနည်းငယ်မြင့်ပြီး၊မိုးရာသီရေကြီးချိန် အမှိုက် သရိုက်များ၊သဘာဝဘေး စသည်တို့ကြောင့် ခိုင်ခန့်မှုနည်းပါးနေကြောင်းပါဦးဝှေ့တင်းကပြောဆိုခဲ့သည်။

မေးခွန်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ဖြေကြားရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ပြည်နယ်အစိုးရ ရန်ပုံငွေထဲ ထည့်သွင်းလျာထားကာ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List