Thursday, February 06, 2020

သံဖြူဇရပ်တွင် ကလေးငယ် ၃ဦးကို ဗေဒင်ဆရာက အဓမ္မပြုကျင့်မှု လက်ခံသော မြတ်မိခင်တည်းခိုခန်းကိုပါ အရေးယူရေး ပြည်သူ့လွှတ်တော်အမတ်တောင်းဆို

Image may contain: outdoor
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဗေဒင်ဆရာ သီဟာအောင်က အသက်မပြည့်သေးသူ မိန်းကလေးငယ် ၃ ဦးကို မြတ်မိခင်တည်ခိုခန်းတွင် တစ်ပတ်၁ဦး အဓ္ဓမပြုကျင့်ခဲ့ပြီး လက်ခံသော တည်းခိုခန်းကိုပါ အရေးယူရန် သံဖြူဇရပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောဆိုသည်။

မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာတွင် နေထိုင်သော ဗေဒင်ဆရာ သီဟအောင်က ၎င်း၏ရည်းစားဖြစ်နေသူ (၃၈)နှစ်နှစ်အရွယ် မအေးမြင့်ဆိုသူကို ကံနိမ့်နေခြင်းကြောင့် ယတြာချေရန် အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ်တစ်ဦးကို ၎င်းထံ (၇)ပတ်တိုင်တိုင် ခေါ်လာပေးရမည်ဟု ပြောဆိုခြင်းကြောင့် မအေးမြင့်က ၂ဝ၁၉ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ပထမဆုံးအကြိမ် တူမ ဖြစ်သူ အသက်(၁၂)နှစ်အရွယ် ကလေးမလေးကို မုဒုံမြို့ မဟာနန္ဒာတည်းခိုခန်း အခန်းနံပါတ်(၃) တစ်ကြိမ်အဓ္ဓပြုကျင့်ကာ မုဒိန်းကျင့်ပြီး ၁ပတ်အကြာတွင် အဆိုပါ ကလေးမလေးကိုပင် သံဖြူဇရပ်မြို့ရှိ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ်(၃၀၄) တွင် ဒုတိယအကြိမ် အဓ္ဓမထပ်မံပြုကျင့်ခဲ့ခြင်းကြောင်းသိရသည်။
ထို့ပြင် ကလေးမလေး၏ သူငယ်ချင်းများကိုလည်း ဒေါ်အေးမြင့်က ယတြာချေရန်အတွက် ထပ်မံစည်းရုံကာ၂ဝ၂ဝခုနှစ် ဇန်နဝါရီလအတွင်း အသက်(၁၃)နှစ်အရွယ် ကလေးမလေး၁ဦးနှင့် အသက် (၁၂)နှစ်အရွယ် ကလေးမ ၁ဦးတို့ကို မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ်(၃၀၄)တွင် တစ်ကြိမ်စီ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်သည်။
“ ဒီကလေးတွေကို အဒေါ်လုပ်တဲ့သူက စွဲဆောင်တာ ကလေးတွေက မကျေနပ်လို့ အရေးယူနိုင်သွားတာမဟုတ်ဘူး။ သူ့မယားငယ်က တူမကိုခေါ်သွားပေးတာ သူတို့ပြောတော့ ရည်စားလို့ပြောတာပဲ ရဲကသူ့ကို ဖမ်းဖို့စုံစမ်းတယ်။ သူက ကာယကံရှင် နစ်နာသူကိုယ်တိုင်က ဘာမှမပြောတော့ ဖမ်းဖို့အဆင်မပြေဘူး။ ဒီကောင်က အဲဒီကာလတုန်းကရှောင်နေတာ သူ့ရည်စားဆီက သိန်း၃ဝလာယူဆိုပြီး အသံလွှင့်ပြီးတော့ ထောင်ဖမ်းလိုက်တာ အဲလိုမျိုးနဲ့ ဒီအမှုကြီးဖော်နိုင်သွားတာ အကုန်လုံးက မယားငယ်လို့ပြောကျတယ်။ သူတို့ထွက်ဆိုချက်ကတော့ သူ့ရည်းစားပေါ့။ တရားဝင်ယူထားတဲ့ အထောက်အထားတွေမရှိလို့ နေမှာပေါ့ ” ဟု ဦးဉာဏ်ဟိန်းကပြောဆိုသည်။
မိန်ကလေးငယ်များကို အဓမ္မပြုကျင့်မှုကို လက်ခံခဲ့သည့် တည်ခိုခန်းများကိုပါ အရေးယူဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို တွန်းအားပေးထားကြောင်း ဦးဉာဏ်ဟိန်းက ပြောဆိုသည်။
“ တည်ခိုခန်းအနေနဲ့ ဒါဟာခွင့်ပြုလို့မရဘူး။ နေ့လည်ဘက်ဖြစ်ဦးတော့။ ဒါဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဘာမှလက်ခံစရာမရှိဘူး။ ဒီကိစ္စမှာ တည်ခိုခန်းပါအရေးယူ ပါဝင်ပတ်သက်တဲ့သူတွေ အကုန်ဖော်ထုတ်ဖို့တော့ ပြောထားတယ်” ဟု ဦးဉာဏ်ဟိန်းကဆက်လက်ပြောဆိုသည်။
တရားခံ ဗေဒင်ဆရာ သီဟအောင်နှင့် ဒေါ်အေးမြင့်တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၁၁၄ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

No comments:

Post a Comment

My Blog List