Thursday, February 06, 2020

AA ပစ်ချလိုက်သည်ဆိုသော ဒရုန်းမှာ တိုက်ခိုက်ရေး ဒရုန်းမဟုတ်ဘဲ သာမန်ဒရုန်းမျိုးသာဖြစ်ကောင်းဖြစ်နိုင်ကြောင်း တပ်မတော်ပြောကြား


Image may contain: 1 person, sitting
AA ပစ်ချလိုက်သည်ဆိုသော ဒရုန်းမှာ တိုက်ခိုက်ရေးဒရုန်းမဟုတ်ဘဲ တပ်ရင်းတပ်ဖွဲ့များတွင်သုံးသည့် ဗွီဒီယို၊ ကင်မရာရိုက်၍ရသည့် သာမန်ဒရုန်းမျိုးသာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ပြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Ladies News သို့ပြောကြားသည်။
ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်သော AA ၏ထုတ်ပြန်ချက် ထဲတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့လယ် ၁နာရီ၄၅ မိနစ်တွင် ရန်သူ၏ဒရုန်း (Drone) တစ်စင်းအား ပစ်ချနိုင်ခဲ့သည်ဟု ဖေါ်ပြထားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "အရင်တစ်ခါပြောထားတဲ့ဟာမျိုးတော့ဖြစ်ရင်ဖြစ်မှာပေါ့။ တပ်ရင်းတပ်ဖွဲ့တွေမှာ သုံးနေတဲ့ဟာတွေ ရှိပါတယ်။ အဲဒါဆိုရင်တော့ မပြောတတ်ဘူး။ အဲဒါတော့ ရှိကောင်းရှိနိုင်ပါတယ်။ကျန်တဲ့ဟာတော့ မရှိပါဘူး။ ဈေးကွက်ထဲမှာ မြင်တဲ့ဟာပါပဲ။ ပန်ကာလေးလုံးတပ်တာတွေပေါ့။ ဗွီဒီယိုတို့ ကင်မရာတို့ ရိုက်လို့ရတဲ့ဟာမျိုးတွေပါပဲ"' ဟု ေျပာ
ကြားသည်။

ရခိုင်ဒေသအတွင်းရှိမြို့နယ်(၃) မြို့နယ်အတွင်း အင် တာနက်လိုင်းများပြန်လည်ဖြတ်တောက်ပြီးနောက်မြန်မာ့တပ်မတော်အနေဖြင့် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး(ထိုးစစ်)အား အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်ကြောင်း၊ ထို့ကြောင့် မိမိတို့စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဖေဖေါ်ဝါရီလ ၃ရက်နေ့တွင် တပ်မတော်သားတစ်ဦး မိုင်းထိခဲ့ကာ AA ၁၀၀ ခန့်ဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ၿပီး AA အဖွဲ့ထံမှ အလောင်းလက်နက်အချို့ရရှိကြောင်း၊ ဖေဖေါ်ဝါရီလ ၄ရက်နေ့တွင်မူ AA အဖွဲ့က အဆိုပါ စစ်ကြောင်းကို မကျေနပ်သည့်အတွက် တိုက်ခိုက်ရန်လူစုခဲ့ရာ အင်အား ၁၀၀ ခန့်အထိဖြစ်လာသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

"'ရေမြင့်ကျေးရွာရဲ့အပေါ်မှာ။ ရေမြင့်ကျေးရွာဆိုတာ အရင်တုန်းက AA ကနေ အမြန်ယာဉ်ကို ကပ်ခိုင်းပြီးတော့ တပ်ကလူတွေရော၊အရပ်သားတွေရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုရော ဖမ်းသွားတဲ့နေရာ။စစ်ကြောင်းကိုတိုက်ဖို့လုပ်တယ်။ တပ်မတော်အနေနဲ့ကလည်း အဲဒီရဲ့ရှေ့မှာ ရဟတ်ယာဉ်သုံးခဲ့တာရှိတယ်။ တပ်မတော်စစ်ကြောင်းကို ချုံခိုတိုက်တာတို့ ဘာတို့ လုပ်ဖို့လုပ်တယ်။ ကျွန်တော်တို့ဆီကနေပြီးတော့ သတင်းလက်ဦးမှုရယူပြီး ပြန်တိုက်ခိုက်တာရှိတယ်။ အဲဒီမှာလည်း အကျအဆုံးများပါတယ်။ အဲဒါကြောင့်မို့လို့ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး။ ကြီးကြီးကျယ်ကျယ်တွေလျှောက်ရေးနေတာ။ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဆိုတာ ဘယ်လိုတွေသုံးတယ်။ ဘာတွေသုံးတယ်ဆိုတာ မီဒီယာတွေ သိပြီးသားပါ။ မိတ္ထီလာတို့ ဘာတို့မှာ ရှေ့မှာလည်းလုပ်ပြခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဆီက စစ်ကြောင်း တစ်ကြောင်းလောက်ပဲအဆင့်ရှိပါတယ်။"ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေ အ နေနှင့်ပတ်သက်ပြီး ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပွားေနသည္မွာတစ်နှစ်ကျော်ကြာလာပြီဖြစ်ပြီး ထိခိုက်ကျဆုံးမှုများရှိကြောင်း နှစ်ဘက်စလုံးမှ ပြောကြားကြသော်လည်းအရေအတွက် အတိအကျကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အောင်ရဲနောင်
The Ladies News

AA ပစ်ချလိုက်သည်ဆိုသော ဒရုန်းမှာ
တိုက်ခိုက်ရေး ဒရုန်းမဟုတ်ဘဲ သာမန်ဒရုန်းမျိုးသာ
ဖြစ်ကောင်းဖြစ်နိုင်ကြောင်း တပ်မတော်ပြောကြား
---------------- ---------------- ----------
AA ပစ်ချလိုက်သည်ဆိုသော ဒရုန်းမှာ တိုက်ခိုက်ရေး
ဒရုန်းမဟုတ်ဘဲ တပ်ရင်းတပ်ဖွဲ့များတွင်သုံးသည့် ဗွီဒီယို၊ ကင်မရာရိုက်၍ရသည့် သာမန်ဒရုန်းမျိုးသာ ဖြစ်
ကောင်း ဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်
ပြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Ladies News သို့ပြောကြားသည်။

ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်သော AA ၏ထုတ်ပြန်ချက် ထဲတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့လယ် ၁နာရီ
၄၅ မိနစ်တွင် ရန်သူ၏ဒရုန်း (Drone) တစ်စင်းအား ပစ်ချနိုင်ခဲ့သည်ဟု ဖေါ်ပြထားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "အရင်တစ်ခါပြောထားတဲ့ဟာမျိုးတော့ဖြစ်ရင်ဖြစ်မှာပေါ့။ တပ်ရင်းတပ်ဖွဲ့တွေ
မှာ သုံးနေတဲ့ဟာတွေ ရှိပါတယ်။ အဲဒါဆိုရင်တော့ မပြောတတ်ဘူး။ အဲဒါတော့ ရှိကောင်းရှိနိုင်ပါတယ်။ကျန်တဲ့ဟာတော့ မရှိပါဘူး။ ဈေးကွက်ထဲမှာ မြင်တဲ့ဟာပါပဲ။ ပန်ကာလေးလုံးတပ်တာတွေပေါ့။ ဗွီဒီယိုတို့ ကင်မရာတို့ ရိုက်လို့ရတဲ့ဟာမျိုးတွေပါပဲ"' ဟု ပြော
ကြားသည်။

ရခိုင်ဒေသအတွင်းရှိမြို့နယ်(၃) မြို့နယ်အတွင်း အင် တာနက်လိုင်းများပြန်လည်ဖြတ်တောက်ပြီးနောက်
မြန်မာ့တပ်မတော်အနေဖြင့် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး(ထိုးစစ်) အား အရှိန်အဟုန်မြှင့်ကာ လုပ်
ဆောင်ကြောင်း၊ ထို့ကြောင့် မိမိတို့စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟုလည်း AA ၏ ထုတ်ပြန် ချက်တွင် ဖေါ်ပြထားသည်။

ဖေဖေါ်ဝါရီလ ၃ရက်နေ့တွင် တပ်မတော်သားတစ်ဦး မိုင်းထိခဲ့ကာ AA ၁၀၀ ခန့်ဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး
AA အဖွဲ့ထံမှ အလောင်းလက်နက်အချို့ရရှိကြောင်း၊ ဖေဖေါ်ဝါရီလ ၄ရက်နေ့တွင်မူ AA အဖွဲ့က အဆိုပါ
စစ်ကြောင်းကို မကျေနပ်သည့်အတွက် တိုက်ခိုက်ရန် လူစုခဲ့ရာ အင်အား ၁၀၀ ခန့်အထိဖြစ်လာသည်ဟု
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

"'ရေမြင့်ကျေးရွာရဲ့အပေါ်မှာ။ ရေမြင့်ကျေးရွာဆိုတာ အရင်တုန်းက AA ကနေ အမြန်ယာဉ်ကို ကပ်ခိုင်း
ပြီးတော့ တပ်ကလူတွေရော၊အရပ်သားတွေရာ၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုရော ဖမ်းသွားတဲ့နေရာ။
စစ်ကြောင်းကိုတိုက်ဖို့လုပ်တယ်။ တပ်မတော်အနေနဲ့ကလည်း အဲဒီရဲ့ရှေ့မှာ ရဟတ်ယာဉ်သုံးခဲ့တာရှိ
တယ်။ တပ်မတော်စစ်ကြောင်းကို ချုံခိုတိုက်တာတို့ ဘာတို့ လုပ်ဖို့လုပ်တယ်။ ကျွန်တော်တို့ဆီကနေပြီး
တော့ သတင်းလက်ဦးမှုရယူပြီး ပြန်တိုက်ခိုက်တာရှိတယ်။ အဲဒီမှာလည်း အကျအဆုံးများပါတယ်။ အဲ
ဒါကြောင့်မို့လို့ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး။
ကြီးကြီးကျယ်ကျယ်တွေလျှောက်ရေးနေတာ။ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဆိုတာ ဘယ်လိုတွေသုံးတယ်။ ဘာတွေသုံးတယ်ဆိုတာ မီဒီယာတွေ သိ
ပြီးသားပါ။ မိတ္ထီလာတို့ ဘာတို့မှာ ရှေ့မှာလည်းလုပ်
ပြခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဆီက စစ်ကြောင်း တစ်ကြောင်းလောက်ပဲအဆင့်ရှိပါတယ်။"ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေ အ နေနှင့်ပတ်သက်ပြီး ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပွားနေသည်မှာ
တစ်နှစ်ကျော်ကြာလာပြီဖြစ်ပြီး ထိခိုက်ကျဆုံးမှုများရှိကြောင်း နှစ်ဘက်စလုံးမှ ပြောကြားကြသော်လည်းအရေအတွက် အတိအကျကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List