Wednesday, February 05, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေသူ ၄၉၂ ဦး ၊ကူးစက်ခံရသူ ၂၄၅၃၄ ဦးအထိ မြင့်တက်၊ မြန်မာတွင် သံသယလူနာ ၇၉ ဦးကို စောင့်ကြည့်နေရ

Image may contain: 1 person, standing, sunglasses and outdoor
တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ ၄၉၂ ဦးအထိ စံချိန်တင် မြင့်တက်လာပြီး ကူးစက်ခံရသူ လူနာ ၂၄၅၃၄ ဦးဖြစ်လာပြီး ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားသူ ၉၁၁ ဦးရှိလာကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။

တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ ဟောင်ကောင်တို့တွင် သေဆုံးခဲ့ပြီး ကူးစက်မှုနှင့်သေဆုံးမှုနှုန်းမှာ နေ့စဉ်စံချိန်တင် မြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ ၇၉ ဦး ရှိပြီး ကျန်းမာရေး၀န်ကြီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း တရား၀င် သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် အသက် (၁၅) နှစ်အရွယ် တရုတ် တိုင်ပေမှ ကလေး (ကျား) တစ်ဦး ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) တိုးတက်မှုရှိကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ လှိုင်သာယာပြည်သူ့ဆေးရုံမှ လွှဲပြောင်းပေးပို့၍ ဆေးရုံ၌ ထားရှိ ကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အဖျားတက်လာသဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံ ဖဖော်ဝါရီလ ၁ ရက်နေ့ ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် မြန်မာနိုင်ငံသား အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦး ၊နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၄၅)နှစ် အရွယ် အမျိုးသားတစ်ဉီး၊မင်းပြားပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ် တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသား၊နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး တို့ပါ၀င်ကြောင်း သိရှိရသည်။
ထို့ပြင် တောင်ကြီးစဝ်စံထွန်းဆေးရုံကြီး တွင် သီးခြားခန်း၌ ထားရှိကုသမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံသား အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး မန္တလေး ကန်တော်နဒီဆေးရုံ တွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ကျောင်းသား (၅၉) ဦးနှင့် ဆေးအဖွဲ့ (၃) ဦး၊ ဝေဘာဂီအထူးကဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လေယာဉ်အမှုထမ်း (၅) ဦး၊ နေအိမ်တွင်ထားရှိ၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသော လေယာဉ်မှူးကြီးနှင့်အဖွဲ့ (၄) ဦးတို့ကို သံသယလူနာအဖြစ် စောင့်ကြည့်နေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးဖြစ်ပွားစဉ်က လူအများက နှာခေါင်းစွပ်များဖြင့် ကာကွယ်၍ သွားလာကြစဉ်။ Photo Credit- AP

No comments:

Post a Comment

My Blog List