Thursday, February 06, 2020

အစ္စတန်ဘူ လေယာဉ် ပျက်ကျမှု သုံးဦးသေဆုံးပြီး ၁၅၇ ဦး ဒဏ်ရာရရှိ

No photo description available.
တူရကီနိုင်ငံ အစ္စတန်ဘူလေဆိပ်မှာ အခုလ ၅ ရက်နေ့က လေယာဉ်တစ်စင်း ပျက်ကျခဲ့တာကြောင့် လူသုံးဦး သေဆုံးပြီး ၁၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

တူရကီ ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက “လက်ရှိ အနေအထားမှာတော့ ဆေးရုံတင်ထားရတဲ့သူ ၁၅၇ ယောက် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်ကတော့ အသက်ဆုံးရှုံးသွားခဲ့ပါတယ်”လို့ သတင်းထောက်တွေကို ပြော သွားပါတယ်။ ဝန်ကြီးက အဲဒီလို ပြောပြီးနောက်ပိုင်းမှာ အရေးပေါ် ကုသရေးအခန်းထဲက လူနာနှစ်ယောက် ထပ်မံ သေဆုံး ခဲ့တာဖြစ်ပါတယ်။
ပက်ဂါးဆပ် လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းကနေ ပျံတက်ပြီး မီတာ ၆၀ လောက်အရောက်မှာ ပြန်ပျက်ကျသွားတာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ဟာ အပိုင်းပိုင်း ဖြစ်သွားခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၇ ယောက် ဝန်ထမ်း ခြောက်ယောက် ပါလာပြီး ခရီးသည်တွေထဲက နှစ်ယောက်က ကလေးကငယ်တွေဖြစ်တယ်လို့ တူရကီလေကြောင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List