Monday, February 03, 2020

စာသင်ကာလ တိုးမြှင့်မည့်အစီအစဉ် လုံးဝပြင်မည်မဟုတ်ဟု ဝန်ကြီးဆို သမဂ္ဂကိုယ်စားလှယ်အဖွဲ့များ အစည်းအဝေးကို သပိတ်မှောက်ထွက်ခွာ


Image may contain: 1 person
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံပွဲ ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေသဖြင့် ဆရာ၊ ဆရာမသမဂ္ဂကိုယ်စားလှယ်များက အစည်းအဝေးကို သပိတ်မှောက်ထွက်ခွာခဲ့ကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာ ဦးမြတ်သီဟထွန်းက ပြောဆိုသည်။
'ဒီနှစ်မှာ ရွေးကောက်ပွဲကိစ္စတွေ၊ သင်ရိုးသစ်သင်တန်းတွေ အများကြီးရှိနေတဲ့အပြင် မိဘတွေအနေနဲ့လည်း မပြင်ဆင်ရသေးတဲ့ အခြေအနေမို့ ဒီနှစ်ဆိုင်းငံ့ပေးပါ။ လာမယ့်နှစ်လုပ်မယ်ဆိုရင် ဆရာအဖွဲ့တွေအနေနဲ့ အောင်မြင်အောင်ကူညီပါ့မယ်။ လက်ရှိ အခြေအနေအရ ဝူဟန်ဗိုင်းရပ်စ် ပြန့်ပွားမှုကို စိုးရိမ်နေရလို့ စာသင်ကျောင်းတွေဟာ ပိုးဖြန့်ရာ ဌာနမဖြစ်စေဖို့၊ လိုအပ်ရင် ကျောင်းစောစောပိတ်နိုင်ဖို့ ကြိုတင်စဉ်းစားဖို့ လိုအပ်တယ်။ လက်ရှိ ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတဲ့ စာမေးပွဲရက်ရွှေ့တဲ့ကိစ္စဟာ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို အကြောင်းကြား သဘောတူညီမှုရယူခဲ့ခြင်း မရှိတဲ့အတွက် အမျိုးသားပညာရေးဥပဒေပုဒ်မ (၆) အပိုဒ်ခွဲ (ဂ၊ စ) အခြေခံပညာရေး ဥပဒေပုဒ်မ (၁၁) အပိုဒ်ခွဲ (ခ) တို့နဲ့ ဆန့်ကျင်နေတယ်ဆိုတာ ပြောဆိုခဲ့ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ မြေပြင်ရှိ ဆရာ၊ ဆရာမတွေရဲ့ တင်ပြမှုတွေကို ကျေလည်စွာ နားထောင်ဖြေရှင်းခြင်းမပြုဘဲ အာဏာရှင်ဆန်ဆန် ဆက်လက်ပြုမူနေပါက ပြင်းထန်တဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ကြုံရမှာဖြစ်ကြောင်း ပြောပြီး ဆရာအဖွဲ့တွေအားလုံး အစည်းအဝေးကို သပိတ်မှောက် ထွက်ခွာခဲ့ကြပါတယ်'ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ ကိုယ်စားလှယ်များ၊ အဆင့် မြင့်ပညာကျောင်းများမှ ဆရာ၊ ဆရာမသမဂ္ဂ ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးတို့ ဖေဖော်ဝါရီ ၁ရက် မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ ပါမောက္ခချုပ်များ ကော်မတီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ရာ အစည်းအဝေးမပြီးခင် ဆရာ၊ ဆရာမ သမဂ္ဂကိုယ်စားလှယ်များက သပိတ်မှောက်ကာ ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနဘက်မှ အဆိုပါကိစ္စမှာ ဆုံးဖြတ်ပြီးသားဖြစ်သည့်အတွက် ပြင်ဆင်မည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောခဲ့ကြောင်း၊ တက်ရောက်သည့် ဆရာသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များက မြေပြင်မှ ဆရာများ၏ အသံကို နားထောင်ပြီး ပြန်လည် စဉ်းစားရန်တင်ပြခဲ့ကြသော်လည်း မတ်လအထိ စာသင်ကာလ တိုးမြှင့်မည့် အစီအစဉ်မှာ ၂၀၁၉ခုနှစ် မေလကတည်းက နိုင်ငံပိုင်သတင်းစာများတွင် ကြေညာပြီးသားဖြစ်သည့်အတွက် လုံးဝပြင်ဆင်မည်မဟုတ်ကြောင်း၊ အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် တွေ့ဆုံရန်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များက မည်ကဲ့သို့ ပြောဦးမည်ကို နားထောင်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

'ဆွေးနွေးပွဲမှာ အောက်ခြေကတော့ ကျောင်းတွင်းစစ်စာမေးပွဲကို အစိုးရစစ်စာမေးပွဲရှေ့မှာ ကျင်းပပေးဖို့ပြောတာပေါ့။ အဲဒီလိုမလုပ်ရင် ဖြစ်လာမယ့်ပြဿနာတွေ၊ မိဘပြည်သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းထွက်နှုန်း မြင့်မားလာမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေ၊ သောက်သုံးရေအခက်အခဲ၊ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ေရာဂါက လူများပြားတဲ့ ကျောင်းတွေကနေ ကူးစက်ပြီးတော့ ပြန့်ပွားမှု ဖြစ်နိုင်တဲ့အခြေအနေတွေကို ထောက်ပြပြီးတော့ အစိုးရစစ်စာမေးပွဲတွေ မကျင်းပမီ ကျောင်းတွင်းစစ် စာမေးပွဲတွေ ကျင်းပပေးဖို့ ဆွေးနွေးပေမယ့် ပညာရေးဝန်ကြီးအနေနဲ့ ဒီနှစ်ကတော့ သူတို့ကြေညာပြီးပြီဖြစ်တဲ့အတွက် အဲ့ဒီအတိုင်းပဲ ဆောင်ရွက်မယ်ဆိုတဲ့သဘောမျိုးပြောတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့က ဒီဆွေးနွေးပွဲကို ကန့်ကွက်ပြီးတော့ အစည်းအဝေးမပြီးခင် ပြန်လာခဲ့ကြတာပေါ့'ဟု အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်ေမြာက်ရေး ဗဟိုလုပ်ငန်းကော်မတီဝင် ကိုဖြိုးဝေအောင်က ပြောဆိုသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဆရာကိုယ်စားလှယ်များ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်ေမြာက်ရေးဗဟိုလုပ်ငန်းကော်မတီမှ ဆရာကိုယ်စားလှယ်များ၊ တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ဆရာကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - အိဟေမာ
ဓာတ္ပုံ - Myat Thiha Tun FB
(Unicode Version)
စာသင်ကာလ တိုးမြှင့်မည့်အစီအစဉ် လုံး၀ပြင်မည်မဟုတ်ဟု ဝန်ကြီးဆို
သမဂ္ဂကိုယ်စားလှယ်အဖွဲ့များ အစည်းအဝေးကို သပိတ်မှောက်ထွက်ခွာ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံပွဲ ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေသဖြင့် ဆရာ၊ ဆရာမသမဂ္ဂကိုယ်စားလှယ်များက အစည်းအဝေးကို သပိတ်မှောက်ထွက်ခွာခဲ့ကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာ ဦးမြတ်သီဟထွန်းက ပြောဆိုသည်။

'ဒီနှစ်မှာ ရွေးကောက်ပွဲကိစ္စတွေ၊ သင်ရိုးသစ်သင်တန်းတွေ အများကြီးရှိနေတဲ့အပြင် မိဘတွေအနေနဲ့လည်း မပြင်ဆင်ရသေးတဲ့ အခြေအနေမို့ ဒီနှစ်ဆိုင်းငံ့ပေးပါ။ လာမယ့်နှစ်လုပ်မယ်ဆိုရင် ဆရာအဖွဲ့တွေအနေနဲ့ အောင်မြင်အောင်ကူညီပါ့မယ်။ လက်ရှိ အခြေအနေအရ ဝူဟန်ဗိုင်းရပ်စ် ပြန့်ပွားမှုကို စိုးရိမ်နေရလို့ စာသင်ကျောင်းတွေဟာ ပိုးဖြန့်ရာ ဌာနမဖြစ်စေဖို့၊ လိုအပ်ရင် ကျောင်းစောစောပိတ်နိုင်ဖို့ ကြိုတင်စဉ်းစားဖို့ လိုအပ်တယ်။ လက်ရှိ ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတဲ့ စာမေးပွဲရက်ရွှေ့တဲ့ကိစ္စဟာ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို အကြောင်းကြား သဘောတူညီမှုရယူခဲ့ခြင်း မရှိတဲ့အတွက် အမျိုးသားပညာရေးဥပဒေပုဒ်မ (၆) အပိုဒ်ခွဲ (ဂ၊ စ) အခြေခံပညာရေး ဥပဒေပုဒ်မ (၁၁) အပိုဒ်ခွဲ (ခ) တို့နဲ့ ဆန့်ကျင်နေတယ်ဆိုတာ ပြောဆိုခဲ့ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ မြေပြင်ရှိ ဆရာ၊ ဆရာမတွေရဲ့ တင်ပြမှုတွေကို ကျေလည်စွာ နားထောင်ဖြေရှင်းခြင်းမပြုဘဲ အာဏာရှင်ဆန်ဆန် ဆက်လက်ပြုမူနေပါက ပြင်းထန်တဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ကြုံရမှာဖြစ်ကြောင်း ပြောပြီး ဆရာအဖွဲ့တွေအားလုံး အစည်းအဝေးကို သပိတ်မှောက် ထွက်ခွာခဲ့ကြပါတယ်'ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ ကိုယ်စားလှယ်များ၊ အဆင့် မြင့်ပညာကျောင်းများမှ ဆရာ၊ ဆရာမသမဂ္ဂ ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးတို့ ဖေဖော်ဝါရီ ၁ရက် မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ ပါမောက္ခချုပ်များ ကော်မတီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ရာ အစည်းအဝေးမပြီးခင် ဆရာ၊ ဆရာမ သမဂ္ဂကိုယ်စားလှယ်များက သပိတ်မှောက်ကာ ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနဘက်မှ အဆိုပါကိစ္စမှာ ဆုံးဖြတ်ပြီးသားဖြစ်သည့်အတွက် ပြင်ဆင်မည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောခဲ့ကြောင်း၊ တက်ရောက်သည့် ဆရာသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များက မြေပြင်မှ ဆရာများ၏ အသံကို နားထောင်ပြီး ပြန်လည် စဉ်းစားရန်တင်ပြခဲ့ကြသော်လည်း မတ်လအထိ စာသင်ကာလ တိုးမြှင့်မည့် အစီအစဉ်မှာ ၂၀၁၉ခုနှစ် မေလကတည်းက နိုင်ငံပိုင်သတင်းစာများတွင် ကြေညာပြီးသားဖြစ်သည့်အတွက် လုံး၀ပြင်ဆင်မည်မဟုတ်ကြောင်း၊ အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် တွေ့ဆုံရန်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များက မည်ကဲ့သို့ ပြောဦးမည်ကို နားထောင်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

'ဆွေးနွေးပွဲမှာ အောက်ခြေကတော့ ကျောင်းတွင်းစစ်စာမေးပွဲကို အစိုးရစစ်စာမေးပွဲရှေ့မှာ ကျင်းပပေးဖို့ပြောတာပေါ့။ အဲဒီလိုမလုပ်ရင် ဖြစ်လာမယ့်ပြဿနာတွေ၊ မိဘပြည်သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းထွက်နှုန်း မြင့်မားလာမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေ၊ သောက်သုံးရေအခက်အခဲ၊ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါက လူများပြားတဲ့ ကျောင်းတွေကနေ ကူးစက်ပြီးတော့ ပြန့်ပွားမှု ဖြစ်နိုင်တဲ့အခြေအနေတွေကို ထောက်ပြပြီးတော့ အစိုးရစစ်စာမေးပွဲတွေ မကျင်းပမီ ကျောင်းတွင်းစစ် စာမေးပွဲတွေ ကျင်းပပေးဖို့ ဆွေးနွေးပေမယ့် ပညာရေးဝန်ကြီးအနေနဲ့ ဒီနှစ်ကတော့ သူတို့ကြေညာပြီးပြီဖြစ်တဲ့အတွက် အဲ့ဒီအတိုင်းပဲ ဆောင်ရွက်မယ်ဆိုတဲ့သဘောမျိုးပြောတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့က ဒီဆွေးနွေးပွဲကို ကန့်ကွက်ပြီးတော့ အစည်းအဝေးမပြီးခင် ပြန်လာခဲ့ကြတာပေါ့'ဟု အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီဝင် ကိုဖြိုးဝေအောင်က ပြောဆိုသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဆရာကိုယ်စားလှယ်များ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီမှ ဆရာကိုယ်စားလှယ်များ၊ တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ဆရာကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - အိဟေမာ
ဓာတ်ပုံ - Myat Thiha Tun FB

No comments:

Post a Comment

My Blog List