Monday, February 03, 2020

နေပြည်တော်တွင် ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ တရုတ်နိုင်ငံသားတစ်ဦး တွေ့ရှိ

Image may contain: text and outdoor
တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်နိုင်ငံသား အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကိုယ်အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သွားရောက်ပြသခဲ့ရာ အဆိုပါ ဆေးခန်းက နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသားအား နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းတွင်ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်လက္ခဏာများတွေ့ရှိရကြောင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားအား 2019 Novel Coronavirus ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment

My Blog List