Wednesday, February 05, 2020

ကျောင်းတွင်းစစ်အခြေခံပညာစာမေးပွဲများ နောက်ဆုတ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ဆရာ၊မအဖွဲ့ ချုပ် ဂုဏ်ပြုမှတ်တမ်းသဝဏ်လွှာထုတ်

Image may contain: text

၁။ မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေဖြင့် ပညာရေးဝန်ကြီးဌာမှ ချမှတ်ခဲ့သော မတ်လကုန်အထိ စာမေးပွဲရက်သတ်မှတ်ခြင်း အမိန့်ညွှန်ကြားချက်ကို ပြန်လည်ပြုပြင်ပြောင်းလဲပေးစေရန်အတွက် ဆရာ ဆရာမများ ကျောင်းသူ ၊ ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂများနှင့်အတူ ရပ်တည်ကာ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနည်းလမ်း၊ အခြေခံပညာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုတော့ဘဲ သပိတ်မှောက်ခြင်း နည်းလမ်းစသော နည်းလမ်းအသွယ်သွယ်ဖြင့် အကြိမ်ကြိမ်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၂။ (၁-၂-၂၀၂၀) ရက်နေ့၊ ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံးတွင်ကျင်းပသော ပညာရေးဝန်ကြီးနှင့် ဆရာသမဂ္ဂများ တွေ့ဆုံပွဲတွင်လည်း သုတေသနလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကန့်ကွက် ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးအပါအဝင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ (၃-၂-၂၀၂၀) ရက်နေ့၌ ဆွေးနွေးညှိနှိုင်းကြရာ
(က) အစိုးရစစ် စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို မူလအစီအစဉ်အတိုင်း (၂၄-၂-၂၀၂၀) မှ
(၃-၃-၂၀၂၀) အထိ ကျင်းပရန်
(ခ) တက္ကသိုလ်ဝင်စာမေးပွဲကို မူလအတိုင်း (၁၁-၃-၂၀၂၀)မှ (၂၁-၃-၂၀၂၀)အထိ ကျင်းပရန်
(ဂ) ကျန်အတန်းများကို (၄-၃-၂၀၂၀) မှ (၁၀-၃-၂၀၂၀) အတွင်း သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရ နှင့် တိုင်း/ပြည်နယ်ပညာရေးမှူးများက သတ်မှတ်ညွှန်ကြား စာမေးပွဲစစ်ဆေးကြရန်
ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသဖြင့် ကျွန်ုပ်တို့ လက်ရှိလှုပ်ရှားနေသော လှုပ်ရှားမှုများအားလုံးကို ယာယီအား ဖြင့် ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၄။ ထိုသို့ မြေပြင်ရှိ ဆရာ၊မိဘ၊ကျောင်းသားတို့၏ အခက်အခဲများကို စာနာနားလည်ပေးပြီး ပြည်သူ့အသံကို အထူးအလေးအနက်ထားနားထောင်ပေးပါသော နိုင်ငံတော်အစိုးရနှင့်တာဝန်ရှိသူများ၊ လွှတ်တော်အရပ်ရပ်မှ ကိုယ်စား လှယ်တော်ကြီးများ၊ အခြေခံပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အခြေခံပညာမှဆရာအဖွဲ့အစည်း များ၊ တက္ကသိုလ်ဆရာများသမဂ္ဂ ကိုယ်စားပြုကော်မတီ၊ ဖဲကြိုးစိမ်းဦးဆောင်ကော်မတီ၊အခြေခံ ဆရာ၊ဆရာမများ အတွက် မိမိကိုယ်ကျိုးမငဲ့ကွက်ဘဲ ရဲရင့်စွာ တိုက်ပွဲဝင် တောင်းဆိုပေးခဲ့ကြသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့်တကွ ကန့်ကွက်လက်မှတ်များ ရေးထိုးပေးကြပါသော ဆရာမိဘ၊ကျောင်းသားများကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကိုးကား-မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်

No comments:

Post a Comment

My Blog List