Friday, February 07, 2020

၀ူဟန်ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးသတိပေးခဲ့သူ တရုတ်ဆရာဝန် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ဟု ဝူဟန်ဗဟိုဆေးရုံကြီးက တရားဝင်ကြေညာ

Image may contain: 1 person, closeup
ဝူဟန်ဗိုင်းရပ်စ်ကူးစက်လာမှုကို ပထမဆုံးအကြိမ် သတိထားမိပြီး သတိပေးခဲ့သူ တရုတ်ဆရာဝန် Li Wenliang သည် ဗိုင်းရပ်စ်ကူးစက်ခံရမှုအတွက် ဆေးဝါးကုသမှု ခံယူရင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူအလုပ်လုပ်သည့် ဟူးဘေးပြည်နယ် ဝူဟန်ဗဟိုဆေးရုံကြီးက တရားဝင် ထုတ်ပြန်ကြေညာသည်။

ဒေါက်တာလီ၏ အသက်ကို နည်းမျိုးစုံဖြင့် ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၅၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း ဝူဟန်ဗဟိုဆေးရုံကြီးက တရားဝင် ထုတ်ပြန်ကြေညာသည်။
ဒေါက်တာ Li Wenliang ဝူဟန်ဗဟိုဆေးရုံကြီးတွင် အလုပ်လုပ်နေသော မျက်စိဆရာဝန်တစ်ဦးဖြစ်ပြီး သူ၏ သူငယ်ချင်း မိတ်ဆွေများကို ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု အကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ သတိပေးခဲ့သည်။
ယင်းနောက် ရဲတပ်ဖွဲ့က ၎င်းထံလာရောက်ပြီး မမှန်ကန်သော သတင်းများ ဖြန့်ဝေခြင်းမပြုရန် သတိပေး တားမြစ်မှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင်မှ ၎င်းတို့မှားယွင်းကြောင်း ဝန်ခံခဲ့ကြသည်။
ဝူဟန် ကော်ရိုနာဗိုင်းရပ်စ်သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်ပေါ်စေပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်းက ရောဂါကူးစက်မှု၏ အစဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် ဒေါက်တာ Li သည် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာ ၇ ဦးကု ိစတင်သတိထားမိပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သတိပေးခဲ့ကြောင်း၊ ၄ ရက်အကြာတွင် တရုတ်အာဏာပိုင်များက သတင်းမှား ဖြန့်ဝေမှုဖြင့် တားဆီး လက်မှတ်ထိုးစေခဲ့ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု အကြောင်း ဖြန့်ဝေမှုနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များက သတင်းမှာ ဖြန့်ဝေသူဟု ယူဆ အရေးယူရန် လုပ်ဆောင်ခံခဲ့ရသူ ၈ ဦးတွင် ဒေါက်တာLi က တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတက်ကုသပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ရောဂါကုသနေရင်း ကွယ်လွန်သွားခြင်းဖြစ်သည်။
(Edited Version)
ဓာတ္ပုံ- CNN

No comments:

Post a Comment

My Blog List