Wednesday, February 05, 2020

ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Image may contain: 1 person, text
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်အားအလိုမရှိကြောင်း ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဝေါမြို့ဒေသခံများက ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ နံနက်ပိုင်း၌ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဝေါမြို့နယ်ဒေသခံများနှင့်ပြည်သူများပါဝင်ခဲ့ကြပြီး အလံနီများကိုင်ဆောင်ကာ တိုင်းဒေသကြီးလွှတ်တော်နှင့်တိုင်း NLD ပါတီရုံးရှေ့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ စားကျက်မြေကိစ္စရပ်များဖြေရှင်းဆောင်ရွက်ရာတွင် အာဏာသုံးကာ စွက်ဖက်ဆောင်ရွက်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ၁ ဦး၏ပြောပြချက်အရ သိရသည်။
ဆန္ဒထုတ်ဖော်ကြရာတွင် ပြည်သူ့ဆန္ဒနှင့်မညီဘဲအာဏာရှင်ဆန်စွာပြုလုပ်နေသော တိုင်းအမတ် ဒေါ်ရီရီထိုက်အား အလိုမရှိ၊ တင်ပြတိုင်ကြားသော်လည်းတာဝန်မခံသော NLD ပါတီတာဝန်ရှိသူများ နှုတ်ထွက်ပေးရေး၊ ပြည်သူများအားတရားစွဲဆိုမှုကိုရုပ်သိမ်းပေးရေး၊ အစိုးရ၊ လွှတ်တော် ဒေသခံပြည်သူ(၃)ပွင့်ဆိုင်ညှိနှိုင်းဖြေရှင်းပေးရေးစသည်တို့ကို ကြွေးကြော်ခဲ့ကြကာ ဗီနိုင်းများကိုင်ဆောင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများသည် တိုင်းဒေသကြီးလွှတ်တော်ရှေ့မှစတင်၍ နာရီစင်လိပ်ပြာကန်လမ်းရှေ့ရှိ တိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့အထိ လှည့်လည်ခဲ့ကြသည်။
Image may contain: car, sky and outdoor
ဖြိုးကိုလင်း- ညောင်ဝိုင်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
-------- ဖြိုးကိုလင်း- ညောင်ဝိုင်း ( အကုန်သိ သတင်းဌာန ) -------
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်အားအလိုမရှိကြောင်း ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဝေါမြို့ဒေသခံများက ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ နံနက်ပိုင်း၌ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဝေါမြို့နယ်ဒေသခံများနှင့်ပြည်သူများပါဝင်ခဲ့ကြပြီး အလံနီများကိုင်ဆောင်ကာ တိုင်းဒေသကြီးလွှတ်တော်နှင့်တိုင်း NLD ပါတီရုံးရှေ့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ စားကျက်မြေကိစ္စရပ်များဖြေရှင်းဆောင်ရွက်ရာတွင် အာဏာသုံးကာ စွက်ဖက်ဆောင်ရွက်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ၁ ဦး၏ပြောပြချက်အရ သိရသည်။
ဆန္ဒထုတ်ဖော်ကြရာတွင် ပြည်သူ့ဆန္ဒနှင့်မညီဘဲအာဏာရှင်ဆန်စွာပြုလုပ်နေသော တိုင်းအမတ် ဒေါ်ရီရီထိုက်အား အလိုမရှိ၊ တင်ပြတိုင်ကြားသော်လည်းတာဝန်မခံသော NLD ပါတီတာဝန်ရှိသူများ နှုတ်ထွက်ပေးရေး၊ ပြည်သူများအားတရားစွဲဆိုမှုကိုရုပ်သိမ်းပေးရေး၊ အစိုးရ၊ လွှတ်တော် ဒေသခံပြည်သူ(၃)ပွင့်ဆိုင်ညှိနှိုင်းဖြေရှင်းပေးရေးစသည်တို့ကို ကြွေးကြော်ခဲ့ကြကာ ဗီနိုင်းများကိုင်ဆောင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများသည် တိုင်းဒေသကြီးလွှတ်တော်ရှေ့မှစတင်၍ နာရီစင်လိပ်ပြာကန်လမ်းရှေ့ရှိ တိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့အထိ လှည့်လည်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List