Wednesday, February 05, 2020

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာချပြရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Image may contain: 1 person, standing, flower, child and indoor

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ (၁)ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို မဖြစ်မနေချပြရှင်းလင်းရန် လိုအပ်ပါတယ်။ စုပေါင်းအင်အားမှာမိမိလုပ်အားမည့်မျှထည့်ဝင်နိုင်သည်ဆိုသည်မှာ အောင်မြင်မှုအတွက် အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ ပြည်သူ့အပေါ်မှာပွင့်လင်းမြင်သာမှုရှိစေဖို့၊ ပြည်သူသိလိုသော အချက်တွေကို ပြည့်ပြည့်စုံစုံတိတိကျကျပြည်သူနားလည်အောင်ရှင်းပြဖို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်ပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ ပုဂ္ဂလိကကုမ္ပဏီများကိုလုပ်ပိုင်ခွင့်ပေးထားသောလုပ်ငန်းများမှ ငှားရမ်းလျော့နည်းရရှိမှုများရှိနေခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများဆုံးရှုံးမှုများရှိနေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၃/၂၀၁၈)အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြန်လည်ရှင်းလင်းထားသည်။
၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမူရင်းကိုမရရှိခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများ ရှိခဲ့ပြီး တိုင်းအစိုးရ၏လုပ်ဆောင်မှုများသည် ဒီမိုကရေစီစံချိန်စံညွှန်းများတဖြည်းဖြည်းလျော့ကျလာကြောင်း ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးကျော်ဇေယျက ဝေဖန်ထားသည်။
Image may contain: 3 people, people sitting, wedding, table, flower and indoor
Image may contain: 3 people, table and indoor
ထက်ဝေလင်း(အကုန်သိသတင်းဌာန) 
Unicode Version
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာချပြရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ (၁)ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့််တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို မဖြစ်မနေချပြရှင်းလင်းရန် လိုအပ်ပါတယ်။ စုပေါင်းအင်အားမှာမိမိလုပ်အားမည့်မျှထည့်ဝင်နိုင်သည်ဆိုသည်မှာ အောင်မြင်မှုအတွက် အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ ပြည်သူ့အပေါ်မှာပွင့်လင်းမြင်သာမှုရှိစေဖို့၊ ပြည်သူသိလိုသော အချက်တွေကို ပြည့်ပြည့်စုံစုံတိတိကျကျပြည်သူနားလည်အောင်ရှင်းပြဖို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်ပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအရ ပုဂ္ဂလိကကုမ္ပဏီများကိုလုပ်ပိုင်ခွင့်ပေးထားသောလုပ်ငန်းများမှ ငှားရမ်းလျော့နည်းရရှိမှုများရှိနေခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများဆုံးရှုံးမှုများရှိနေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၃/၂၀၁၈)အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြန်လည်ရှင်းလင်းထားသည်။
၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမူရင်းကိုမရရှိခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများ ရှိခဲ့ပြီး တိုင်းအစိုးရ၏လုပ်ဆောင်မှုများသည် ဒီမိုကရေစီစံချိန်စံညွှန်းများတဖြည်းဖြည်းလျော့ကျလာကြောင်း ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးကျော်ဇေယျက ဝေဖန်ထားသည်။
ထက်ဝေလင်း(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List