Friday, February 07, 2020

မြန်မာနိုင်ငံတွင် စီပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကိုလျှော့ချပေးသင့်ဟု ဆို


Image may contain: indoor

မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကို လျှော့ချပေးသင့် ကြောင်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအေ၀းတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာ လအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအေြခအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

“ဘဏ်တိုးနှုန်းမြင့်မားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင်များက ၎င်းတို့ နိုင်ငံပိုင်ဘဏ်များမှ ငွေများကိုချေးယူကာ မြန်မာနိုင်ငံ ဘဏ်များသို့ အပ်နှံပြီး ဘဏ်အပ်ငွေအတိုးနှုန်းပေါ်တွင် အမြတ်ထုတ်နိုင်ခြင်း ၎င်း တို့ထုတ်ကုန်များမှာ နိုင်ငံတကာစျေး ကွက်သို့ ထိုးဖောက်နိုင်ခြင်း စသည့်အားသာချက်များကြောင့် ရေရှည်တွင် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ပြိုလဲသွားနိုင်မှုကို သက်ရောက်စေနိုင်ပါတယ်”ဟု ဒေါ်ချိုချိုက ပြောသည်။

စီပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများ လျော့ချပေးခြင်းကို အိမ်နီးခြင်းနိုင်ငံများ ကိုလေ့လာကြည့်လျှင် အိန္ဒိယဗဟိုဘဏ်သည် ၂၀၁၉ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖေဖော်ဝါရီလတွင် ဘဏ်တိုးနှုန်းအား ၆ဒဿမ ၅၀ ရာခိုင်နှုန်းမှ ၆ဒဿမ ၂၅ ရာခိုင်နှုန်းသို့လျှော့ချပြီး ဧပြီလတွင် ဒုတိယအကြိမ် အဖြစ် ၆ဒဿမ ၂၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး အိန္ဒိဗဟိုဘဏ် အနေဖြင့် ဘဏ်တိုးနှုန်း ကိုလျှော့ချပေးရခြင်းမှာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှေးကွေး လာမှုကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၇ဒဿမ ၄ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင် ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး တိုးတက်မှုနှုန်း ၇ဒဿမ ၂ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိသည့်အတွက် ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း လေ့သာသိရှိရသည့်အတွက် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ ဘဏ်တိုးနှုန်း ကို လျှော့ချ ပေးသင့်ကြောင်း ဒေါ်ချိုချိုက ဆွေးနွေးပြောကြားခဲ့သည်။

The Ladies News
မြန်မာနိုင်ငံတွင် စီပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကိုလျှော့ချပေးသင့် ဟုဆို
--- --- ---

မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကို လျှော့ချပေးသင့် ကြောင်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာ လအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

“ဘဏ်တိုးနှုန်းမြင့်မားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင်များက ၎င်းတို့ နိုင်ငံပိုင်ဘဏ်များမှ ငွေများကိုချေးယူကာ မြန်မာနိုင်ငံ ဘဏ်များသို့ အပ်နှံပြီး ဘဏ်အပ်ငွေအတိုးနှုန်းပေါ်တွင် အမြတ်ထုတ်နိုင်ခြင်း ၎င်း တို့ထုတ်ကုန်များမှာ နိုင်ငံတကာစျေး ကွက်သို့ ထိုးဖောက်နိုင်ခြင်း စသည့်အားသာချက်များကြောင့် ရေရှည်တွင် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ပြိုလဲသွားနိုင်မှုကို သက်ရောက်စေနိုင်ပါတယ်”ဟု ဒေါ်ချိုချိုက ပြောသည်။

စီပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများ လျော့ချပေးခြင်းကို အိမ်နီးခြင်းနိုင်ငံများ ကိုလေ့လာကြည့်လျှင် အိန္ဒိယဗဟိုဘဏ်သည် ၂၀၁၉ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖေဖော်ဝါရီလတွင် ဘဏ်တိုးနှုန်းအား ၆ဒဿမ ၅၀ ရာခိုင်နှုန်းမှ ၆ဒဿမ ၂၅ ရာခိုင်နှုန်းသို့လျှော့ချပြီး ဧပြီလတွင် ဒုတိယအကြိမ် အဖြစ် ၆ဒဿမ ၂၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး အိန္ဒိဗဟိုဘဏ် အနေဖြင့် ဘဏ်တိုးနှုန်း ကိုလျှော့ချပေးရခြင်းမှာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှေးကွေး လာမှုကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရဒဿမ ၄ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင် ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး တိုးတက်မှုနှုန်း ရဒဿမ ၂ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိသည့်အတွက် ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း လေ့သာသိရှိရသည့်အတွက် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ ဘဏ်တိုးနှုန်း ကို လျှော့ချ ပေးသင့်ကြောင်း ဒေါ်ချိုချိုက ဆွေးနွေးပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List