Monday, February 03, 2020

နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တရုတ်နိုင်ငံသားကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေ

Image may contain: text
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တရုတ်နိုင်ငံသားတစ်ဦးကို ရောဂါရှိ မရှိ အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားဟာ သည်ကနေ့မှာ ကိုယ်အပူချိန်မြင့်မားတာကြောင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းသို့ သွားရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးခန်းကနေ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လူနာကို နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းမှာ ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာစေးခြင်လက္ခဏာများတွေ့ရှိရတယ်လို့ သိရပါတယ်။
သည့်အတွက် 2019 Novel Coronavirus ရောဂါ သံသယလူနာကို ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ဖို့အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Kumudra

No comments:

Post a Comment

My Blog List