Thursday, February 06, 2020

ဗန်းမော်၌ တက္ကသိုလ်ကျောင်းသား (၄) ဦးနှင့် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်သူ (၆) ဦး ခိုက်ရန်ဖြစ်ပွား၊ (၁) ဦး သေဆုံး


Image may contain: one or more people and people standing
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲရှောင်စခန်းမှာနေထိုင်တဲ့ လူငယ် (၆) ဦးနဲ့ တက္ကသိုလ်ကျောင်းသား (၄) ဦးတို့ ဖေဖော်ဝါရီလ (၅) ရက် ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လို့ တိုက်ပွဲရှောင်စခန်းနေ အသက်(၁၈) နှစ် အရွယ် လူငယ် (၁) ဦး သေဆုံးခဲ့တယ်လို့ ဗန်းမော်မြို့မရဲစခန်းထံက သိရပါတယ်။
ဗန်းမော်မြို့၊ သာစည်ရပ်ကွက်၊ ဂေါ်ရာကန်ပတ်လမ်းမှာ အမျိုးသားတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ သတင်းအရ ဗန်းမော်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာ "ရောဘတ်" တိုက်ပွဲရှောင်စခန်းနေ နော်ဒင်း (၁၈ နှစ်) ဆိုသူဖြစ်ပြီး ဝဲဘက်နောက်ကျော ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတာလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ နေမျိုးသူရိန်ဝင်းအပါအဝင် လေးဦးကို စစ်ဆေးမေးမြန်းရာမှာတော့ အခင်းဖြစ်ပွားခဲ့တာဟာ ဟုတ်မှန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ဗန်းမော်မြို့မရဲစခန်းမှာ (ပ)၄၆/၂၀၂၀ အမှုကြီး အမှတ်စဉ် (၂/၂၀၂၀) ရာဇသတ်ကြီးပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ဝင်းနိုင်(ကချင်မြေ)၊ ဗန်းမော်(ပွင့်သစ်)

One News Myanmar

No comments:

Post a Comment

My Blog List