Wednesday, February 05, 2020

နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်

No photo description available.No photo description available.
နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် ဒုဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းလွင်ကို ခန့်အပ်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်တို့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယနေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလ စစ်ဘက်တာဝန်ဝတ္တရားများပြန်လည် ထမ်းဆောင်စေရန် ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
(Xinhua)
ပုံစာ- ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလ စစ်ဘက်တာဝန်ဝတ္တရားများပြန်လည် ထမ်းဆောင်စေရန် ခွင့်ပြုသော ကြေညာချက်များအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)
-----------------------------
(Zawgyi Version)
နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် ဒုဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းလွင်ကို ခန့်အပ်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်တို့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယနေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလ စစ်ဘက်တာဝန်ဝတ္တရားများပြန်လည် ထမ်းဆောင်စေရန် ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
ပုံစာ- ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလ စစ်ဘက်တာဝန်ဝတ္တရားများပြန်လည် ထမ်းဆောင်စေရန် ခွင့်ပြုသော ကြေညာချက်များအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

No comments:

Post a Comment

My Blog List