Thursday, February 06, 2020

မန္တလေးတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများအား အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူရန် အဆိုတင်

Image may contain: 3 people, people sitting, hat and indoor
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြားသားများအား အထူးစီမံချက်ဖြင့် စစ်ဆေးဖော်ထုတ် အရေးယူရန် တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်ခဲ့သည်။

ယင်းအဆိုကို မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က တင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး သာမက နိုင်ငံအနှံ့အပြား တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး ၊ လုံခြုံရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အန္တရာယ်ရှိစေသည့်အတွက် ပိုမိုအလေးထား ဆောင်ရွက်ပေးစေလိုသောကြောင့် အဆိုကို တင်ရခြင်းဖြစ်ကြောင်း သိရသည် ။
``နိုင်ငံအတွင်း မြောက်ဘက် အနောက်ဘက် ပြည်ပနိုင်ငံသား ခိုးဝင်နေရာက်နေတယ်ဆိုတာ နေစဉ်နဲ့အမျှ မြင်နေကြားနေသိနေရတယ်။ ဘယ်လိုရည်ရွယ်ချက်နေတာ မသိ ခိုးဝင်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက်မကောင်းနိုင်ဘူး ဖမ်းဆီးရမိတာနေတိုင်းတွေ့နေရတယ်။ လုံခြုံရေးအသိနဲ့ သတိမထားဘူးဆိုရင် မသိနိုင်ဘူး ။ အဲ့ဒါကြောင့် ခိုးဝင်မှုကို စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တာဝန်က အလွန်အရေးကြီးတာတွေ့ရတယ်။´´ ဟု မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က ပြောသည် ။
မန္တလေးမြို့ပေါ်တွင် မြန်မာစကားမတက်သည့် ပြည်ပနိုင်ငံသားများ အခြေချနေထိုင်နေထိုင်မှုများရှိသည့်အပြင် ရပ်ကွက်များတွင် အိမ်ငှားနေထိုင်မှုများလည်းရှိကြောင်း သိရသည် ။
``မြို့ပေါ် မြန်မာစကားမတက်တဲ့နိုင်ငံခြားသားတွေ တွေ့နေရတယ် ။ တရားဝင်လား မဝင်လား မသိနိုင်ဘူး တချို့က မြို့ပေါ်ရပ်ကွက်တောင် အိမ်ငှားနေတာ ကြားသိရတယ်။ ကြာရင် ယဉ်ကျေးမှု အမွေအနှစ် ထုံးတမ်းတွေနဲ့ ပြည့်နေတဲ့ မန္တလေးတိုင်းရဲ့ စီးပွားရေ း၊ လူမူရေး ၊ တရားဥပဒေစိုးမိုးမှု ၊ ဘာသာတရားနှင့် လုံခြုံရေး ယဉ်ကျေးမှု တွေပျက်ဆီးထိခိုက်မှာ စိုးရိမ်ရတယ် ။´´ ဟု ဦးအောင်ကျော်မိုး က ဆက်လက် ပြောသည် ။
အဆိုအား ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ထောက်ခံခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်သူ မရှိသောကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည် ။
နိုင်လင်းဦး
မန္တလေးတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများအား အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူရန် အဆိုတင်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြားသားများအား အထူးစီမံချက်ဖြင့် စစ်ဆေးဖော်ထုတ် အရေးယူရန် တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်ခဲ့သည် ။
ယင်းအဆိုကို မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က တင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး သာမက နိုင်ငံအနှံ့အပြား တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး ၊ လုံခြုံရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အန္တရာယ်ရှိစေသည့်အတွက် ပိုမိုအလေးထား ဆောင်ရွက်ပေးစေလိုသောကြောင့် အဆိုကို တင်ရခြင်းဖြစ်ကြောင်း သိရသည် ။
``နိုင်ငံအတွင်း မြောက်ဘက် အနောက်ဘက် ပြည်ပနိုင်ငံသား ခိုးဝင်နေရာက်နေတယ်ဆိုတာ နေစဉ်နဲ့အမျှ မြင်နေကြားနေသိနေရတယ်။ ဘယ်လိုရည်ရွယ်ချက်နေတာ မသိ ခိုးဝင်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက်မကောင်းနိုင်ဘူး ဖမ်းဆီးရမိတာနေတိုင်းတွေ့နေရတယ်။ လုံခြုံရေးအသိနဲ့ သတိမထားဘူးဆိုရင် မသိနိုင်ဘူး ။ အဲ့ဒါကြောင့် ခိုးဝင်မှုကို စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တာဝန်က အလွန်အရေးကြီးတာတွေ့ရတယ်။´´ ဟု မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က ပြောသည် ။
မန္တလေးမြို့ပေါ်တွင် မြန်မာစကားမတက်သည့် ပြည်ပနိုင်ငံသားများ အခြေချနေထိုင်နေထိုင်မှုများရှိသည့်အပြင် ရပ်ကွက်များတွင် အိမ်ငှားနေထိုင်မှုများလည်းရှိကြောင်း သိရသည် ။
``မြို့ပေါ် မြန်မာစကားမတက်တဲ့နိုင်ငံခြားသားတွေ တွေ့နေရတယ် ။ တရားဝင်လား မဝင်လား မသိနိုင်ဘူး တချို့က မြို့ပေါ်ရပ်ကွက်တောင် အိမ်ငှားနေတာ ကြားသိရတယ်။ ကြာရင် ယဉ်ကျေးမှု အမွေအနှစ် ထုံးတမ်းတွေနဲ့ ပြည့်နေတဲ့ မန္တလေးတိုင်းရဲ့ စီးပွားရေ း၊ လူမူရေး ၊ တရားဥပဒေစိုးမိုးမှု ၊ ဘာသာတရားနှင့် လုံခြုံရေး ယဉ်ကျေးမှု တွေပျက်ဆီးထိခိုက်မှာ စိုးရိမ်ရတယ် ။´´ ဟု ဦးအောင်ကျော်မိုး က ဆက်လက် ပြောသည် ။
အဆိုအား ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ထောက်ခံခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်သူ မရှိသောကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည် ။
နိုင်လင်းဦး
#TheFifthWaveNews

No comments:

Post a Comment

My Blog List