Tuesday, February 04, 2020

ဗိုင်းရပ်စ်ကုသရေးဆေးရုံကို တရုတ်စစ်တပ်ကြီးကြပ်ကွပ်ကဲရန်ရှိ

Image may contain: one or more peopleImage may contain: outdoor
တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားခဲ့တဲ့ဗဟိုချက်ဖြစ်တဲ့ဝူဟန်မြို့က ပြီးလုနီးနီရှိနေတဲ့ကွင်းဆင်းဆေးရုံကိုကြီးကြပ်ကွပ်ကဲဖို့ တရုတ်စစ်တပ်ကို ဖေဖော်ဝါရီ ၂ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

တရုတ်စစ်ဆေးတပ်ဖွဲ့ဝင် ၁၄၀၀ လောက်က ၁၀ ရက်အတွင်းတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆန့်ဆေးရုံမှာ ဖေဖော်ဝါရီ ၃ ရက်ကစပြီးကုသမှုပေးတော့မှာပါ။
အဲဒီစစ်ဆေးတပ်ဖွဲ့ဝင်တွေက ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တို့က တရုတ်ပြည်မကြီးနဲ့ဟောင်ကောင်တို့မှာပြန့်နှံ့ခဲ့တဲ့ SARS ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာပါဝင်ခဲ့သူတွေလို့ တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြပါတယ်။
အဲဒီဆေးရုံဟာ ဝူဟန်ကဆေးရုံတွေမှာပြုံနေတဲ့လူနာတွေသက်သာအောင်တည်ဆောက်ဖို့ အာဏာပိုင်တွေဆုံးဖြတ်ခဲ့တဲ့ကျန်းမာရေးအဆောက်အဦး ၂ ခုထဲက တစ်ခုဖြစ်ပါတယ်။
လူ ၁၁ သန်းနေထိုင်ကြပြီး တစ်ပတ်ကျော်ကြာအလုံပိတ်ရောဂါစစ်ဆေးမှုတွေလုပ်နေတဲ့ဝူဟန်မြို့မှာ ဆရာဝန်နဲ့တွေ့ရဖို့ နာရီနဲ့ချီစောင့်ဆိုင်းရတယ်လို့ တိုင်ကြားမှုတွေရှိနေပါတယ်။
နောက်ထပ်ကုတင် ၁၆၀၀ ဆန့်ဆေးရုံဟာလည်း ကြာသပတေးနေ့ကစပြီး လူနာတွေလက်ခံတော့မှာဖြစ်ပါတယ်။

ဒီနေ့အထိတော့ တရုတ်နိုင်ငံမှာ ဝူဟန်မြို့ကနေစတင်ပြန့်နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် 2019-nCoVကြောင့် သေဆုံးသူ ၃၆၁ ယောက်ရှိနေပြီး ကူးစက်ခံရသူအယောက် ၁၇၂၀၀ ကျော်နေပါပြီ။
ဖေဖော်ဝါရီ ၂ ရက်ကထက် သေဆုံးသူ ၅၇ ယောက်ပိုများလာပြီး ကူးစက်ခံရသူ ၂၈၂၉ ယောက်ထပ်ရှိလာတာပါ။

ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့တရုတ်အစိုးရက ဖေဖော်ဝါရီ ၂ ရက် မှာ ဝူဟန်မြို့နဲ့ ကီလိုမီတာ ၈၀၀ လောက်ဝေးတဲ့ ဝန်ကျိုးမြို့ကို အလုံပိတ်လိုက်ပါတယ်။အဲနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုရှိတဲ့နိုင်ငံဖြစ်လာပါတယ်။
Source- AFP
(zaw gyi)
ဗိုင်းရပ်စ်ကုသရေးဆေးရုံကို တရုတ်စစ်တပ်ကြီးကြပ်ကွပ်ကဲရန်ရှိ

ဖေဖော်ဝါရီ ၃
နိုင်ငံတကာသတင်း

တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားခဲ့တဲ့ဗဟိုချက်ဖြစ်တဲ့ဝူဟန်မြို့က ပြီးလုနီးနီရှိနေတဲ့ကွင်းဆင်းဆေးရုံကိုကြီးကြပ်ကွပ်ကဲဖို့ တရုတ်စစ်တပ်ကို ဖေဖော်ဝါရီ ၂ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။
တရုတ်စစ်ဆေးတပ်ဖွဲ့ဝင် ၁၄၀၀ လောက်က ၁၀ ရက်အတွင်းတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆန့်ဆေးရုံမှာ ဖေဖော်ဝါရီ ၃ ရက်ကစပြီးကုသမှုပေးတော့မှာပါ။
အဲဒီစစ်ဆေးတပ်ဖွဲ့ဝင်တွေက ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တို့က တရုတ်ပြည်မကြီးနဲ့ဟောင်ကောင်တို့မှာပြန့်နှံ့ခဲ့တဲ့ SARS ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာပါဝင်ခဲ့သူတွေလို့ တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြပါတယ်။
အဲဒီဆေးရုံဟာ ဝူဟန်ကဆေးရုံတွေမှာပြုံနေတဲ့လူနာတွေသက်သာအောင်တည်ဆောက်ဖို့ အာဏာပိုင်တွေဆုံးဖြတ်ခဲ့တဲ့ကျန်းမာရေးအဆောက်အဦး နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
လူ ၁၁ သန်းနေထိုင်ကြပြီး တစ်ပတ်ကျော်ကြာအလုံပိတ်ရောဂါစစ်ဆေးမှုတွေလုပ်နေတဲ့ဝူဟန်မြို့မှာ ဆရာဝန်နဲ့တွေ့ရဖို့ နာရီနဲ့ချီစောင့်ဆိုင်းရတယ်လို့ တိုင်ကြားမှုတွေရှိနေပါတယ်။
နောက်ထပ်ကုတင် ၁၆၀၀ ဆန့်ဆေးရုံဟာလည်း ကြာသပတေးနေ့ကစပြီး လူနာတွေလက်ခံတော့မှာဖြစ်ပါတယ်။ဒီနေ့အထိတော့ တရုတ်နိုင်ငံမှာ ဝူဟန်မြို့ကနေစတင်ပြန့်နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် 2019-nCoVကြောင့် သေဆုံးသူ ၃၆၁ ယောက်ရှိနေပြီး ကူးစက်ခံရသူအယောက် ၁၇၂၀၀ ကျော်နေပါပြီ။
ဖေဖော်ဝါရီ ၂ ရက်ကထက် သေဆုံးသူ ၅၇ ယောက်ပိုများလာပြီး ကူးစက်ခံရသူ ၂၈၂၉ ယောက်ထပ်ရှိလာတာပါ။ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့တရုတ်အစိုးရက ဖေဖော်ဝါရီ ၂ ရက် မှာ ဝူဟန်မြို့နဲ့ ကီလိုမီတာ ၈၀၀ လောက်ဝေးတဲ့ ဝန်ကျိုးမြို့ကို အလုံပိတ်လိုက်ပါတယ်။
အဲနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုရှိတဲ့နိုင်ငံဖြစ်လာပါတယ်။
Source- AFP

No comments:

Post a Comment

My Blog List