Wednesday, February 05, 2020

ကိုရိုနာဗိုင်းရပ်စ်သစ်ကိုကာကွယ်ဖို့ လိုက်နာရမည့်အခြေခံအချက်များ

Image may contain: one or more people, people sitting and outdoor

ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ဖို့ လိုက်နာရမယ့် အခြေခံအချက်တွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က အကြံပြုထားပါတယ်။အဲဒါတွေကတော့...

လက်ကိုမကြာခဏဆေးကြောပါ
============
လက်ကိုalcoholပါတဲ့ လက်ဆေးရည် (ဒါမှမဟုတ်) ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။ဒီလိုဆေးကြောပေးတာဟာသင့်ရဲ့လက်မှာကပ်တွယ်နေတဲ့ ဗိုင်းရပ်စ်တွေကိုသေစေနိုင်ပါတယ်။

နှာချေ ၊ ချောင်းဆိုတဲ့အခါ အကာအကွယ်ပြုလုပ်ပါ
============
နှာချေ ၊ ချောင်းဆိုးတဲ့အခါ သင့်ရဲ့ ပါးစပ်နဲ့ နှာခေါင်းကိုလက်နဲ့ကာထားတာ(ဒါမှမဟုတ်)တစ်သျှူးအသုံးပြုတာတွေကို ပြုလုပ်ပြီး၊ တစ်သျှူးကိုအမှိုက်ပုံးထဲစွန့်ပစ်ကာလက်ကိုစင်ကြယ်အောင်ဆေးကြောပါ။ ဒီလိုကာကွယ်လိုက်တာကြောင့် နှာဆေး၊ချောင်းဆိုးတဲ့အခါမှာဗိုင်းရပ်စ်တွေကိုပျံ့မသွားအောင် တားဆီးလိုက်သလိုဖြစ်စေပါတယ်။

နှာချေ၊ချောင်းဆိုး၊ဖျားနာနေသူတွေနဲ့ ခပ်လှမ်းလှမ်းမှာနေပါ
=============
သင့်အနေနဲ့ အခြားသူတွေနဲ့ သိပ်နီးကပ်စွာမနေပဲအနည်းဆုံးသုံးပေလောက်ခွာနေပါ။အထူးသဖြင့် နှာချေ၊ချောင်းဆိုးပြီးဖျားနာနေသူတွေနဲ့ ခပ်လှမ်းလှမ်းမှာနေပါ။ နှာချေး၊ချောင်းဆိုး၊ဖျာနာနေသူတွေနဲ့နီးကပ်စွာနေမယ်ဆိုရင် သူတို့ဆီကဗိုင်းရပ်စ်တွေ သင့်ဆီကိုကူးစက်စေနိုင်ပါတယ်။
မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုလက်နဲ့ထိတွေ့ခြင်းရှောင်ကြဉ်ပါ
သင့်ရဲ့လက်ဟာနေရာပေါင်းစုံမှာကိုင်တွယ်အသုံးပြုတာများတာကြောင့် ဗိုင်းရပ်စ်တွေ ကပ်နေနိုင်ပြီး၊ ဒီလက်နဲ့ သင့်ရဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုထိတွေ့တဲ့အခါ ဗိုင်းရပ်စ်တွေသင့်ဆီကိုကူးပြောင်းရောက်ရှိလာစေပါတယ်။

နာမကျန်းဖြစ်ပြီဆိုရင် ဆေးကုသမှုကိုအမြန်ဆုံးခံယူပါ
==============
သင့်အနေနဲ့ ဖျားနာနေပြီ၊ အသက်ရှူရတာလည်းပုံမှန်မဟုတ်တော့ဘူးဆိုပါစို့။သင်ဟာကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံထဲကနေရာတစ်ခုကိုခရီးသွားခဲ့တာမျိုး(ဒါမှမဟုတ်) အဲဒီနေရာတွေကနေ ပြန်လာသူတစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ်နေခဲ့ပြီး၊အဲဒီသူမှာလည်းအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုခုရှိနေတယ်ဆိုတာမျိုးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဗိုင်းရပ်စ်ကူးက်ခံထားရတာ ဖြစ်နိုင်ဖွယ်ရှိတာကြောင့် ဆေးကုသမှုခံယူဖို့အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါတယ်။

အသား၊ငါးဈေးတွေကနေပြန်လာတဲ့အခါ လက်ကိုသေချာဆေးဖို့ မမေ့ပါနဲ့
=============
တိရစ္ဆာန်အရှင်ရောင်းတဲ့ဈေးတွေနဲ့သားငါးရောင်းချတဲ့ဈေးတွေကိုသွားပြီးပြန်လာတဲ့အခါ လက်ကိုစင်ကြယ်အောင်ဆေးဖို့ မမေ့ပါနဲ့။

သားစိမ်း၊ငါးစိမ်းနဲ့ အသေအချာမချက်ပြုတ်ရသေးတဲ့ အသားတွေကိုမစားပါနဲ့
==============================
သားစိမ်းငါးစိမ်းနဲ့ အသေအချာမချက်ပြုတ်ရသေးတဲ့ တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ နို့ တို့ကိုရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုမဖြစ်အောင် မိမိကိုယ်ကိုယ်ကာကွယ်ကြပါစို့။

No comments:

Post a Comment

My Blog List