Wednesday, February 05, 2020

ကျောက်တော်မြို့၊ကစ္ဆပနဒီတံတားအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှှိ

Image may contain: sky, outdoor, text and natureImage may contain: shoes, plant and outdoor
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၃ ရက်နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကစ္ဆပနဒီတံတားအနီး၊ ရန်ကုန်-စစ်တွေကားလမ်း၏ ယာဘက်ခြမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ ရီမုမိုင်း ၂ လုံးတို့ကို စစ်ဆေးဖော်ထုတ် ရမိခဲ့သည်။ ထို့ကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေး အတွက် အဆိုပါ ဒေသန္တရရီမုမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး နှောက်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ ယခုကဲ့သို့ ကားလမ်းများပေါ်၌ မိုင်းထောင်၊ မိုင်းခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ရသေ့တောင်မြို့နယ်၊ ရေစိုးကျေးရွာအနီး၌လည်းကောင်း၊ သြဂုတ်၂၉ ရက်တွင် ယိုးတရုတ်ကျေးရွာအနီး၌ လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်းအား ကျောက်တော်မြို့နယ်၊ ကျောက်ကြပ် ကျေးရွာအနီး၌ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး၌ လည်းကောင်း၊ မော်တော် ယာဉ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်- စစ်တွေ ကားလမ်းအနီး မိုင်းဖော်ထုတ်ရှင်းလင်းရရှိမှု စုစုပေါင်း ၁၉ ကြိမ်၊ မိုင်း ၃၀ လုံး ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

Unicode
ကျောက်တော်မြို့၊ကစ္ဆပနဒီတံတားအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှှိ
--- --- ---
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၃ ရက်နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကစ္ဆပနဒီတံတားအနီး၊ ရန်ကုန်-စစ်တွေကားလမ်း၏ ယာဘက်ခြမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူ များ ထောင်ထားသည့် ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ ရီမုမိုင်း ၂ လုံးတို့ကို စစ်ဆေးဖော်ထုတ် ရမိခဲ့သည်။ ထို့ကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေး အတွက် အဆိုပါ ဒေသန္တရရီမုမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး နှောက်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ ယခုကဲ့သို့ ကားလမ်းများပေါ်၌ မိုင်းထောင်၊ မိုင်းခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ရသေ့တောင်မြို့နယ်၊ ရေစိုးကျေးရွာအနီး၌လည်းကောင်း၊ သြဂုတ်၂၉ ရက်တွင် ယိုးတရုတ်ကျေးရွာအနီး၌ လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်းအား ကျောက်တော်မြို့နယ်၊ ကျောက်ကြပ် ကျေးရွာအနီး၌ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး၌ လည်းကောင်း၊ မော်တော် ယာဉ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်- စစ်တွေ ကားလမ်းအနီး မိုင်းဖော်ထုတ်ရှင်းလင်းရရှိမှု စုစုပေါင်း ၁၉ ကြိမ်၊ မိုင်း ၃၀ လုံး ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List