Wednesday, February 05, 2020

ရခိုင်တွင် အင်တာနက် ဖြတ်တောက်ပြီးတောက် တပ်မတော်က ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ် အရှိန်မြှင့်လာဟု AA ပြော၊ တပ်မတော်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ပြီး AA စစ်သည်များ ဒဏ်ရာရရှိဟုဆို


Image may contain: airplane
ရခိုင်ဒေသတွင် အင်တာနက်များ ပြန်လည် ဖြတ်တောက်ပြီးနောက် တပ်မတော်၏ ထိုးစစ်များ အရှိန်မြှင့်လာကြောင်း ရခိုင်တပ်မတော် AA က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ(၄) ရက်နေ့၊နေ့လည်(၁၂) နာရီခန့်မှစတင်ပြီးမြန်မာ့တပ်မတော်သည် (၁) ခမရ(၅၃၇) တပ်ရင်း (၂) ရေစိုးချောင်းဗျူဟာ (၃) ဇက်သဘောင်္တစ်စီး စသည်ဖြင့်နေရာ(၃) နေရာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် Speed boat အမြန်စက်တပ်စက်လှေ(၁) စီး ပေါ်မှလည်း စက်သေနတ်များဖြင့် ချောင်းကမ်းဝဲယာနှစ်ဖက်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နေ့လည်(၂) နာရီ (၂၃) မိနစ်မှ စတင်ပြီး ရဟတ်ယာဉ်(၂) စီးဖြင့်မိနစ်(၃၀) ခန့်တစ်ကြိမ်၊ မိနစ်(၁၅) မိနစ်ခန့်တစ်ကြိမ် စုစုပေါင်း (၄၅) မိနစ်ခန့် ရော့ကတ်များ၊ စက်သေနတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းAA က ပြောဆိုသည်။

ရခိုင်ဒေသအတွင်း Internet အင်တာနက်လိုင်းများပြန်လည်ြဖတ်တောက်ပြီးနောက် မြန်မာ့တပ်မတော်အနေဖြင့် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး(ထိုးစစ်)အား အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ AA စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ေကြာင်း၊ နေ့လည်(၁) နာရီ(၄၅) မိနစ်တွင်တပ်မတော်၏ ဒရုန်း Drone တစ်စင်းအား ရက္ခိုင့်တပ်တော်မှ ပစ်ချနိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

မြန်မာ့တပ်မတော်၏လက်နက်ကြီးများ၊ ရဟတ်ယာဉ်(၂) စီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ် (က)မညင်းတောင်ကျေးရွာ(ခ)ကျောက်ရံသာစည်ကျေးရွာ (ဂ)အမျှတောင်ကျေးရွာ (ဃ) ကုန်တန်းကျေးရွာ၏ အနောက်ဖက်တောစပ်နှင့် အုန်းတော(ဓနိတော)များ အတွင်းကျရောက်ပေါက်ကွဲခဲ့ေြကာင်း၊ နေရာ(၃) နေရာမှ လက်နက်ကြီးအကြိမ်အရေအတွက်(၈၀) ခန့်ရှိခဲ့ကြောင်း၊ပလက်ဝမြို့နယ်အတွင်း၌လည်းတိုက်ပွဲငယ်များဆက်လက်ရှိနေခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

Photo Credit- တပ်မတော်၏ ဒရုန်းတစ်စင်း၊ (defence-blog)

Khit Thit Media

No comments:

Post a Comment

My Blog List