Friday, February 07, 2020

မြောက်ဒဂုံ CB ဘဏ်ဓားပြတိုက်သူ ၂ ဦး လွတ်မြောက်နေဆဲ

ယနေ့ ၉ နာရီ အချိန်ဒဂုံမြောက်မြို့နယ်(၃၅)ရပ်ကွက်၊ပင်လုံလမ်းအမှတ် ၁၂၁၇ ရှိ CBဘဏ်တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကိုသော်ဇင်အားအမည်စိစစ်ဆဲ အမျိုးသားနစ်ဦးမှ သေနတ်နှင့် ထောက်၍ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ကောင်တာရှိသက်မွန်အေး (ငယ်တန်းလက်ထောက်) အား သေနတ်ဖြင့်ချိန်၍ပိုက်ဆံ သိန်းခြောက်ရာ(၁၀၀၀၀တန်) အားယူဆောင်ပြီးဘဏ်အတွင်းရှိ မိုင်းနှစ်လုံးထောင်ခဲ့ပြီးCC-9965 ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့်ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါလမ်းအတိုင်း ဘဏ်ဓားပြတိုက်သူ ၂ ဦး ထွက်ပြေးသွားကြောင်းသိရှိရပါသည်။
"သေနတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက်သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတော့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူး"


မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်နှင့်ဆက်သွယ်မေးမြန်းချက်
ယနေ့ နံနက်ပိုင်း မြောက်ဒဂုံမှ CB ဘဏ် ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
"ဓားပြတိုက်တာမှန်ပါတယ်။ သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်သွားတယ်။ ငွေသားက သိန်း ၆၀၀ လောက်ပါတယ်လို့ အကြမ်းဖျည်း ကျနော်တို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ အသေးစိတ် ဘဏ်က ပြန်စစ်ရမှာပေါ့။ ဘဏ်ထဲမှာ လက်ပစ်ဗုံးထောင်သွားတယ်။ လက်ပစ်ဗုံးကို ဖြုတ်လိုက်ပြီ အခု။ အမျိုးသား ၂ ဦးပါ ။ ဖမ်းမမိသေးဘူး။ ထွက်ပြေးသွားတယ်။ ဖြစ်တဲ့အချိန်က ၈ နာရီခွဲနဲ့ ၈ နာရီ ၄၀ ဝန်းကျင်လောက် ။ သူတို့ ခြိမ်းခြောက်တယ်။ ဘဏ်ထဲကို ဝင်လာတယ်။ ဒီမှာ သေနတ်ပါတယ်။ ဗုံးပါတယ်။ ပိုက်ဆံပေးပေါ့။ သေနတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက်သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတော့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူး။ အခု ဖမ်းဆီးရမိရေး ဆက်လုပ်နေပါတယ်"
Image may contain: screen
No photo description available.
Image may contain: one or more people
Photo Credit - Nanyu

No comments:

Post a Comment

My Blog List