Tuesday, February 04, 2020

ဂမ်ဘီယာနိုင်ငံသား တစ်ဦးတစ်ယောက်ကိုမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေးကြောင်း ဂမ်ဘီယာသံရုံးဆို

Image may contain: 1 person, standing and flower
ဂမ်ဘီယာနိုင်ငံသားများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ယခုအချိန်အထိ မရှိသေးကြောင်း ပေကျင်းမြို့ရှိ ဂမ်ဘီယာသံရုံးမှ တာဝန်ရှိသူ မစ္စ Fatou Kinneh Jobe ကပြောသည်။

”ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုစဖြင်တဲ့ ဝူဟန့်မြို့မှာ ဂမ်ဘီယာကျောင်းသားကျောင်းသူ ၂၀ ရှိပါတယ်။ သူတို့ကိုလဲ ကူးစက်မှုမရှိသေးပါဘူး။ တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဂမ်ဘီယာနိုင်ငံသား တစ်ဦးတစ်ယောက်ကိုမှ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပါဘူး”ဟု သူကပြောခြင်းဖြစ်သည်။
ပေကျင်းရှိ ဂမ်ဘီယာသံရုံးသည်လည်း တရုတ်နိုင်ငံရှိ ဂမ်ဘီယာကျောင်းသားသမဂ္ဂ၊ ကွမ်ကျိုးရှိ ဂမ်ဘီယာအသင်းတို့နှင့် နီးနီးကပ်ကပ်ဆက်သွယ်လျှက် တရုတ်နိုင်ငံတွင်ရှိနေကြသော ဂမ်ဘီယာနိုင်ငံသားအားလုံးတို့အား ကာကွယ်မှု၊ စောင့်ကြည့်မှုများပြုလုပ်လျှက် လိုအပ်သည်တို့ကိုလည်း ညွှန်ကြားနေကြောင်း သူကထပ်လောင်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း မစ္စ Fatou Kinneh Jobe က ကတိပြုပြောကြားသည်။

Ref: No Gambian infected with coronavirus - Charge d’ Affaires
Popular News Journal
(Zawgyi)
ဂမ်ဘီယာနိုင်ငံသား တစ်ဦးတစ်ယောက်ကိုမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေးကြောင်း ဂမ်ဘီယာသံရုံးဆို
ပေကျင်း၊ ဖေဖေါ်ဝါရီ ၄
ဂမ်ဘီယာနိုင်ငံသားများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ယခုအချိန်အထိ မရှိသေးကြောင်း ပေကျင်းမြို့ရှိ ဂမ်ဘီယာသံရုံးမှ တာဝန်ရှိသူ မစ္စ Fatou Kinneh Jobe ကပြောသည်။
”ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုစဖြင်တဲ့ ဝူဟန့်မြို့မှာ ဂမ်ဘီယာကျောင်းသားကျောင်းသူ ၂၀ ရှိပါတယ်။ သူတို့ကိုလဲ ကူးစက်မှုမရှိသေးပါဘူး။ တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဂမ်ဘီယာနိုင်ငံသား တစ်ဦးတစ်ယောက်ကိုမှ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပါဘူး”ဟု သူကပြောခြင်းဖြစ်သည်။
ပေကျင်းရှိ ဂမ်ဘီယာသံရုံးသည်လည်း တရုတ်နိုင်ငံရှိ ဂမ်ဘီယာကျောင်းသားသမဂ္ဂ၊ ကွမ်ကျိုးရှိ ဂမ်ဘီယာအသင်းတို့နှင့် နီးနီးကပ်ကပ်ဆက်သွယ်လျှက် တရုတ်နိုင်ငံတွင်ရှိနေကြသော ဂမ်ဘီယာနိုင်ငံသားအားလုံးတို့အား ကာကွယ်မှု၊ စောင့်ကြည့်မှုများပြုလုပ်လျှက် လိုအပ်သည်တို့ကိုလည်း ညွှန်ကြားနေကြောင်း သူကထပ်လောင်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း မစ္စ Fatou Kinneh Jobe က ကတိပြုပြောကြားသည်။
Ref: No Gambian infected with coronavirus - Charge d’ Affaires
Popular News Journal

No comments:

Post a Comment

My Blog List