Wednesday, February 05, 2020

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမေရိကန်သံအမတ်ကြီး အပါအဝင် စီးပွားရေးအဖွဲ့များနှင့် တွေ့ဆုံ


Image may contain: 8 people, people standing and suit
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းက ကုမ္ပဏီ ၁၃ ခုပါဝင်တဲ့ စီးပွားရေးအဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ အမေရိကန်သံရုံး ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 
အဲဒီ စီးပွားရေးအဖွဲ့ဟာ မန္တလေးမှာ နှစ်ရက်တာကြာမြင့်မယ်လို့ သိရပြီး ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကတော့ ထိုင်းနိုင်ငံမှာ ဆေးကုသနေရောကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှု ခံယူနေစဉ် အတွင်း ဝန်ကြီးချုပ်တာဝန်တွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇာနည်အောင်က ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source – American Embassy

No comments:

Post a Comment

My Blog List