Friday, February 07, 2020

အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်


Image may contain: 1 person, selfie and closeup
အောင်လံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်မှာ (ဖေဖော်ဝါရီလ ၆ရက်) နေ့လယ် ၃ နာရီ ၅၂ မိနစ်ခန့်တွင် ကွယ်လွန်သွားသည်။
အသက် ၇၁ နှစ်အရွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်မှာ လွန်ခဲ့သည့် သုံးလကပင် ကင်ဆာရောဂါဖြစ်ပွားနေ၍ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် တက်ရောက်ကုသနေပြီး ယမန်နေ့က အောင်လံရှိနေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝန်းထံမှ သိရသည်။

ဦးအောင်ထူးမြင့် ကွယ်လွန်မှုမှာ အောင်လံမြို့နယ်အတွက်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်လံအတွက်ပါ ဆုံးရှုံးခဲ့ရသည်ဟု ကွယ်လွန်သူနှင့်ရင်းနှီးသည့် အောင်လံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က Myanmar Now ကို ပြောသည်။
“အဓိကကတော့ ပါတီအတွက်ရော မြို့နယ်အတွက်ရော ဆုံးရှုံးရပါတယ်” ဟု ၎င်းက ပြောသည်။
အောင်လံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်မှာ ကွယ်လွန်ချိန်တွင် သား ၂ ဦး ၊ သမီးတစ်ဦး ကျန်ရှိသည်။

ဖြိုးသီဟချို / Myanmar Now

No comments:

Post a Comment

My Blog List