Monday, February 03, 2020

နိုင်ငံ့ဝန်ထမ်းများအား ကားတင်သွင်းခွင့်ကိစ္စ ခေတ္တဆိုင်းငံ့ထားသည့်နောက်ပိုင်းတွင် ကားစျေးကွက် ပြန်လည်ကောင်းလာနိုင်မည်ဟု ပြော


Image may contain: car and outdoor
နိုင်ငံတော်သမ္မတရုံးမှ နှုတ်မိန့်ဖြင့် ကားတင်သွင်းခွင့်ကိစ္စအား ခေတ္တဆိုင်းငံ့ခဲ့သည့်အတွက် ကားစျေးကွက် ပြန်ကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ်)အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။
နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို ဇန်နဝါရီ ၂ ရက် ရက်စွဲဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ကားစျေးကွက်တစ်ခုလုံး ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ ကြောင်း၊ ယင်းအပြင် အခွန်ဖြင့် ကားတင်သွင်းသူများမှ ကန့်ကွက်သောကြောင့် နှုတ်မိန့်ဖြင့် ဆိုင်းငံ့ရန်ညွှန်ကြားထားကြောင်း သိ ရသည်။

“တစ်တိုင်းပြည်လုံးကို သူတို့ကတော့ ကြေညာလိုက်တာပဲ။ သူတို့ပြောသလောက်ပဲ သိတယ်။ အကြောင်းပြန်ကြားတာက
သမ္မတရုံးက ထုတ်ပြန်တဲ့ဟာပဲ။ ထူးထူးခြားခြားတော့ မပြောဘူး။ ဝန်ထမ်းတွေကိုပေးလို့ ကန့်ကွက်တာမဟုတ်ဘူး။ အဲဒီလိုပေးလိုက် ခြင်းအားဖြင့် ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ Industry တွေကို ထိခိုက်တယ့်ဟာပြောတာ။ သူတို့မထိခိုက်တဲ့ နည်းလမ်း ရှာပြီးတော့ လုပ်မယ်ဆိုရင်လည်းလုပ်ပေါ့။ ဆိုင်းငံ့တဲ့ကာလမှာ နည်းလမ်းရှာဖွေမယ်လို့ ထင်တာပဲ။ မထိခိုက်ဘဲ လုပ်မယ်ဆို ရင်လည်း ကောင်းတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထိခိုက်လို့ပြောတာ။ မထိခိုက်တဲ့ အစီအမံ ရှိရင် ဘာပြသနာမှ မရှိဘူး။ ကား စျေးကွက်က ချက်ခြင်းတော့ မသိသာသေးပါဘူး။ ကြေညာတာမှ ၂ ရက်ပဲရှိသေးတယ်။ ပြန်ကောင်းလာမှာပါ။ ပြန်ကောင်း လာဖို့ ရှိပါတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ပြည်တွင်း၌ နိုင်ငံတော်သို့ အခွန်ပေးဆောင်၍ တင်သွင်းလာသည့် Brand New ကားအမျိုးအစားပေါင်း ၃၀ ရှိပြီး အစိုးရမှ ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုခဲ့လျှင် ကားစျေးကွက်ပျက်သွားနိုင်ကြောင်း သိ ရသည်။
Ref-Akonthi
>>Zawgyi>>
နိုင်ငံ့ဝန်ထမ်းများအား ကားတင်သွင်းခွင့်ကိစ္စ ခေတ္တဆိုင်းငံ့ထားသည့်နောက်ပိုင်းတွင် ကားစျေးကွက် ပြန်လည်ကောင်းလာနိုင်မည်ဟု ပြော
Monday , February 3 , 2020

နိုင်ငံတော်သမ္မတရုံးမှ နှုတ်မိန့်ဖြင့် ကားတင်သွင်းခွင့်ကိစ္စအား ခေတ္တဆိုင်းငံ့ခဲ့သည့်အတွက် ကားစျေးကွက် ပြန်ကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ်)အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို ဇန်နဝါရီ ၂ ရက် ရက်စွဲဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ကားစျေးကွက်တစ်ခုလုံး ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ ကြောင်း၊ ယင်းအပြင် အခွန်ဖြင့် ကားတင်သွင်းသူများမှ ကန့်ကွက်သောကြောင့် နှုတ်မိန့်ဖြင့် ဆိုင်းငံ့ရန်ညွှန်ကြားထားကြောင်း သိ ရသည်။

“တစ်တိုင်းပြည်လုံးကို သူတို့ကတော့ ကြေညာလိုက်တာပဲ။ သူတို့ပြောသလောက်ပဲ သိတယ်။ အကြောင်းပြန်ကြားတာက
သမ္မတရုံးက ထုတ်ပြန်တဲ့ဟာပဲ။ ထူးထူးခြားခြားတော့ မပြောဘူး။ ဝန်ထမ်းတွေကိုပေးလို့ ကန့်ကွက်တာမဟုတ်ဘူး။ အဲဒီလိုပေးလိုက် ခြင်းအားဖြင့် ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ Industry တွေကို ထိခိုက်တယ့်ဟာပြောတာ။ သူတို့မထိခိုက်တဲ့ နည်းလမ်း ရှာပြီးတော့ လုပ်မယ်ဆိုရင်လည်းလုပ်ပေါ့။ ဆိုင်းငံ့တဲ့ကာလမှာ နည်းလမ်းရှာဖွေမယ်လို့ ထင်တာပဲ။ မထိခိုက်ဘဲ လုပ်မယ်ဆို ရင်လည်း ကောင်းတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထိခိုက်လို့ပြောတာ။ မထိခိုက်တဲ့ အစီအမံ ရှိရင် ဘာပြသနာမှ မရှိဘူး။ ကား စျေးကွက်က ချက်ခြင်းတော့ မသိသာသေးပါဘူး။ ကြေညာတာမှ ၂ ရက်ပဲရှိသေးတယ်။ ပြန်ကောင်းလာမှာပါ။ ပြန်ကောင်း လာဖို့ ရှိပါတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ပြည်တွင်း၌ နိုင်ငံတော်သို့ အခွန်ပေးဆောင်၍ တင်သွင်းလာသည့် Brand New ကားအမျိုးအစားပေါင်း ၃၀ ရှိပြီး အစိုးရမှ ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုခဲ့လျှင် ကားစျေးကွက်ပျက်သွားနိုင်ေြကာင်း သိ ရသည်။
Ref-Akonthi

No comments:

Post a Comment

My Blog List