Tuesday, February 04, 2020

ဝန်ကြီးချုပ်​စကား ယုံစားမိ၍ မှားပြီဟု YUPT အစုရှယ်ယာရှင်များ ညည်းတွား

Image may contain: 3 people, people standing
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နာယကအဖြစ်တာဝန်ယူထားသည့် ​YUPT ၏ အစုရှယ်ယာရှင်များက ဝန်ကြီးချုပ်​စကား ယုံစားခဲ့မိသောကြောင့် မှားခဲ့ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော (YUPT) ကုမ္ပဏီလီမိတက်မှ ဆုံးရှုံးနစ်နာခဲ့ရသော ရှယ်ယာရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"YUPT စလုပ်တော့မဲ့အချိန်မှာ ဝန်ကြီးချုပ်​က ကျွန်တော်တို့ကို ခေါ်တွေ့ပြီး သူနဲ့အတူ အရွေ့တခုကို လိူက်ပါဖို့ ပြောတယ်။ YUPT မှာ အမြတ် သုံးလတကြိမ်၊ ခြောက်လတကြိမ် ထုတ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့ ရှယ်ယာရှင်တွေလည်း ယုံစားမိခဲ့တာပေါ့ဗျာ"ဟုရှယ်ယာရှင်တဦးဖြစိသူ ဦးထွန်းဝင်းက ပြောသည်။

လက်ရှိအချိန်ထိ မိမိထည့်ဝင်ထားသော အစုရှယ်ယာတန်ကြေးပင် ထုတ်ယူ၍မရတော့ကြောင်း ရှယ်ယာအဖွဲ့ဝင် ဦးစိန်လွင်က ဆိုသည်။
"ကျွန်တော်တို့ အားလုံးကတော့ ရှယ်ယာ ပြန်ထုတ်ပေးဖို့ တင်ပြထားပြီးပြီ။ အစုရှယ်ယာ သိန်း ၉၀ ဆိုရင် ဘဏ်တိုးထုတ်စ​ားရင်တောင် စားလောက်တယ်။ သိန်း ၉၀ ရှယ်ယာအတိုငိးပဲ ပြန်တောင်းတာ ပြန်ရရင်တောင် တော်တော်ရှုံးနေပြီ။ အမြတ်လည်း မလိုချင်တော့ဘူး။ ထည့်ထားတဲ့ အရင်းလေးပဲ ပြန်ထုတ်ယူချင်ကြတာပါ"ဟု ၄င်းက ဆိုသည်။
မျိုးလှိုင်
News Watch

No comments:

Post a Comment

My Blog List