Monday, February 03, 2020

ဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၀၅)နှစ်မြောက်မွေးနေ့ (၄)ရက်ကျင်းပမည်

Image may contain: 1 person, standing

ဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၀၅)နှစ်ပြည့်မွေးနေ့ပွဲကို ကိုဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိဖြစ်တဲ့ နတ်မောက်မြို့မှာ (၄)ရက်ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ မွေးနေ့ဖြစ်မြောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုလ်ချုပ်မွေးနေ့ ကို နှစ်(၁၀၀)ပြည့်ကစပြီး နတ်မောက်မြို့မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
ရာပြည့်မွေးနေ့ပွဲ အခမ်းအနားကို ခမ်းခမ်းနားပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာပြုလုပ်တဲ့ မွေးနေ့ပွဲတွေမှာ တော့ ကြီးကျယ်စွာ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုပြုလုပ်မယ့် (၁၀၅)နှစ်မြောက်မွေးနေ့ပွဲကို တော့ အရင်နှစ်တွေကထက် ထူးခြားခမ်းနားစွာကျင်းပနိုင်ဖို့အတွက် နတ်မောက်မြို့သူ၊မြို့သားတွေ၊ ပရဟိတအသင်းအဖွဲ့တွေစုပေါင်းပြီး စီစဉ်နေတယ်လို့ ဗိုလ်ချုပ်မွေးနေ့ဖြစ်မြောက်ရေး ကော်မတီအထွေထွေအတွင်းရေးမှူးကိုဇော်မင်းလတ်က ပြောပါတယ်။
“ ဗိုလ်ချုပ်မွေးနေ့ပွဲမှာ ကလေးတွေအတွက် အားကစားပြိုင်ပွဲတွေ၊ ကဗျာ၇ွတ်ပွဲတွေ၊ နောက် စာပေဟောပြောပွဲတွေ ပါဝင်မယ့် အပြင် ဖျော်ဖြေရေး အစီအစဉ်တွေဖြစ်တဲ့ ဇာတ်၊ အငြိမ်နဲ့ တေးဂီတဖျော်ဖြေပွဲလည်း ပါဝင်မှာပါ။ ဗိုလ်ချုပ် ၁၀၅ နှစ် ပွဲမှာ ထူးခြားတာတော့ တစ်နိုင်ငံလုံးက ကဗျာဆရာတွေကို ဖိတ်ခေါ်ပြီး ကဗျာရွတ်ဆိုမှာ ဖြစ်ပါတယ်” လို့ ကိုဇော်မင်းလတ်က ပြောပါတယ်။

နတ်မောက်မြို့ဟာ ၊မြို့ငယ်လေးတစ်ခုဖြစ်တဲ့အတွက် (၁၀၅)နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ခမ်းနားစွာကျင်းပနိုင်ဖို့စီစဉ်ရာမှာ အခက်အခဲမျိုစုံရှိနေပေမယ့် မွေးနေ့ပွဲကို ဖေဖော်ဝါရီ (၁၀)ရက်ကနေ (၁၃) ရက်အတထိ (၄)ရက်ကျင်းပမှာဖြစ်ပါတယ်။
သတင်း- သက်ခိုင်မိုး၊ စိုးစိုးဦး

No comments:

Post a Comment

My Blog List