Monday, February 03, 2020

ထိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကုသမှု တိုးတက်မှုတွေရှိ

Image may contain: 1 person, standing and outdoor
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တရုတ်အမျိုးသမီးတဦးကို ဗိုင်းရပ်စ်ပိုး နှိမ်နင်းတဲ့ဆေးတွေ ရောစပ်ကုသခဲ့ရာမှာ ထူးခြားတဲ့တိုးတက်မှုတွေ တွေ့ရကြောင်း AFP သတင်းကဖေါ်ပြပါတယ်။

အသက် ၇၁ နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးကို တုတ်ကွေးနဲ့ HIV ကိုယ်ခံအားကျဆင်းမှုရောဂါတွေမှာ အသုံးပြုတဲ့ဆေးတွေ ရောစပ်ထားတဲ့ ဆေးပေါင်းနဲ့ ကုသခဲ့ရာမှာ ၄၈ နာရီအတွင်း ပိုးကင်းစင်သွားတဲ့ အခြေအနေရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။
ဓါတ်ခွဲစမ်းသပ်ချက်အရ ဗိုင်းရပ်ပိုးရှိနေတဲ့ လူနာမှာ ၄၈ နာရီအတွင်း ပိုးမတွေ့ရတော့ဘဲ၊ အရင်က မောဟိုက်နေတဲ့လူနာဟာ ၁၂ နာရီအတွင်း အိပ်ယာပေါ် ထထိုင်နိုင်သွားခဲ့ကြောင်းလည်းပြောပါတယ်။
သုတေသနရလဒ်တွေကို အတည်ပြုနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စောင့်ဆိုင်းနေပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသူ ၁၉ ဦးတွေ့ရှိထားပါတယ်။
အခုထိ လူနာ ရှစ်ဦး သက်သာလာလို့ အိမ်ပြန်သွားကြပြီဖြစ်ပြိး၊ ၁၁ ဦး ဆေးရုံမှာ ကျန်ရှိနေပါတယ်။
ဒီအတွင်း တရုတ်ပြည်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အချက်အခြာနေရာဖြစ်တဲ့ ဝူဟန်မြို့ကနေ မိုင် ငါးရာလောက်ဝေးတဲ့ နောက်ထပ် မြို့ကြီးတမြို့ကို တရုတ်အစိုးရက ထပ်ပိတ်လိုက်ပါတယ်။
တရုတ်ပြည်တဝှမ်း ဗိုင်းရပ်ပိုး ကူးစက်ခံရသူပေါင်း တသောင်းခွဲနီးပါးရှိနေပြီး၊ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ကူးစက် နေပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရောဂါပိုးကူးစက်ခံရသူတွေရှိနေကြောင်းအတည်ပြုထားပြီး၊ဒီပြဿနာအတွက် ပူးပေါင်းဆောင်ရွက်ဖြေရှင်းကြဖို့ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~~~

Romeo GACAD / AFP

No comments:

Post a Comment

My Blog List