Friday, February 07, 2020

ညွှန့်ပေါင်းအစိုးရဖြစ်ပါက တိုင်းပြည်အခြေအနေကောင်းမွန်စေရေးလုပ်ဆောင်နိုင်မည်မဟုတ်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့် ပြော

Image may contain: 1 person, standing
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ညွှန့်ပေါင်းအစိုးရဖြစ်ပါကတိုင်းပြည်အခြေအနေကောင်းမွန်စေရေး လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ညွှန့်ပေါင်းအစိုးရဖြစ်နိုင်သည်ဟု နိုင်ငံရေးပါတီအများစုက ပြောဆိုမှုများအပေါ် ယခုကဲ့သို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
“လက်ရှိနိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်မှုအခြေအနေမှာ အခြားသောတပ်မတော်မဟုတ်တဲ့ အခြားသောနိုင်ငံရေးပါတီတွေများရင် အင်အားချည့်နဲ့တဲ့ ညွှန့်ပေါင်းအစိုးရဖြစ်မှာပါ။ ဒီလိုအင်အားချည်နဲ့တဲ့ညွှန့်ပေါင်းအစိုးရဆိုရင် တိုင်းပြည်ရဲ့အခြေအနေကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ သူတို့တွေပြောသလို တစ်ပါတီထဲက လွှတ်တော်ထဲမှာ ရှိနေတာမဟုတ်ပါဘူး။ ပါတီစုံဟုတ်မဟုတ်ကို လွှတ်တော်ထဲမှာကြည့်ရင်သိနိုင်ပါတယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့စည်းပြီးအုပ်ချုပ်နေသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကပါတီစုံဒီမိုကရေစီစနစ်ပါ။ တစ်ပါတီစနစ်မဟုတ်ပါဘူး။ အဲဒီတော့ အများပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီအများအပြားကိုရွေးချယ်ပိုင်ခွင့်ရှိရမယ်။ အခု NLD က မဲဆန္ဒနယ်တစ်နယ်မှအလွတ်မပေးဘူး။ အကုန်ဝင်ပြိုင်မယ်လို့သိရတယ်။ ကျွန်တော်တို့မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေကတော့ တစ်ယောက်ကတစ်နေရာပြိုင်ရင်ကျန်တဲ့သူတွေကဝန်းရံမယ်။ ကျွန်တော်တို့သွားချင်တာက အတူတကွပူးပေါင်းဆောင်ရွက်မှုကိုသွားချင်တာပါ။”ဟု မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးဋ္ဌေးကျော်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားသည့် တရားဝင်နိုင်ငံရေးပါတီပေါင်း (၉၈)ခုရှိပြီး မဟာမိတ်အစုအဖွဲ့အနေဖြင့် (၃)ဖွဲ့ရှိကြောင်းသိရသည်။
ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ညွှန့်ပေါင်းအစိုးရဖြစ်ပါက တိုင်းပြည်အခြေအနေကောင်းမွန်စေရေးလုပ်ဆောင်နိုင်မည်မဟုတ်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့် ပြော
-------- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန ) ---------
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ညွှန့်ပေါင်းအစိုးရဖြစ်ပါကတိုင်းပြည်အခြေအနေကောင်းမွန်စေရေး လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ညွှန့်ပေါင်းအစိုးရဖြစ်နိုင်သည်ဟု နိုင်ငံရေးပါတီအများစုက ပြောဆိုမှုများအပေါ် ယခုကဲ့သို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
“လက်ရှိနိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်မှုအခြေအနေမှာ အခြားသောတပ်မတော်မဟုတ်တဲ့ အခြားသောနိုင်ငံရေးပါတီတွေများရင် အင်အားချည့်နဲ့တဲ့ ညွှန့်ပေါင်းအစိုးရဖြစ်မှာပါ။ ဒီလိုအင်အားချည်နဲ့တဲ့ညွှန့်ပေါင်းအစိုးရဆိုရင် တိုင်းပြည်ရဲ့အခြေအနေကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ သူတို့တွေပြောသလို တစ်ပါတီထဲက လွှတ်တော်ထဲမှာ ရှိနေတာမဟုတ်ပါဘူး။ ပါတီစုံဟုတ်မဟုတ်ကို လွှတ်တော်ထဲမှာကြည့်ရင်သိနိုင်ပါတယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့စည်းပြီးအုပ်ချုပ်နေသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကပါတီစုံဒီမိုကရေစီစနစ်ပါ။ တစ်ပါတီစနစ်မဟုတ်ပါဘူး။ အဲဒီတော့ အများပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီအများအပြားကိုရွေးချယ်ပိုင်ခွင့်ရှိရမယ်။ အခု NLD က မဲဆန္ဒနယ်တစ်နယ်မှအလွတ်မပေးဘူး။ အကုန်ဝင်ပြိုင်မယ်လို့သိရတယ်။ ကျွန်တော်တို့မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေကတော့ တစ်ယောက်ကတစ်နေရာပြိုင်ရင်ကျန်တဲ့သူတွေကဝန်းရံမယ်။ ကျွန်တော်တို့သွားချင်တာက အတူတကွပူးပေါင်းဆောင်ရွက်မှုကိုသွားချင်တာပါ။”ဟု မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးဋ္ဌေးကျော်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားသည့် တရားဝင်နိုင်ငံရေးပါတီပေါင်း (၉၈)ခုရှိပြီး မဟာမိတ်အစုအဖွဲ့အနေဖြင့် (၃)ဖွဲ့ရှိကြောင်းသိရသည်။

No comments:

Post a Comment

My Blog List