Wednesday, February 05, 2020

ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး အနာဂတ်ကို မှုန်ဝါးစေ


Image may contain: 2 people, people sitting
ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အနာဂတ်ကို မှုန်ဝါးစေကြောင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
စနစ်သစ်ပညာရေး၏ မွေးထုတ်ပေးလိုသည့် နိုင်ငံသားတိုင်းသည် လူသားကောင်းဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်သော အလေ့အကျင့်ရှိစေရေး၊ တာဝန်ခံ၊ တာဝန်ယူသောသူများ ဖြစ်စေရေးနှင့် ဆန်းသစ်တီထွင်နိုင်သောသူများဖြစ်ရေးကို ဦးတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့ နိုင်ငံသားတွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများ ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ကို မှုန်ဝါးစေပါတယ်'ဟု ဒေါက်တာလှမိုးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအေဝးတွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၉ခုနှစ် ဧပြီ ၁၀ရက်မှ အောက်တိုဘာ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးပညာရေးမူဝါဒ ကော်မရှင်ကနေ သုတေသနစာတမ်းများကို ဖော်ပြပြီးပါက အကြံပြုချက်များပေးပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း အစီရင်ခံသည့် ခြောက်လတာကာလအတွင်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည် ၂၀၁၉ ခုနှစ် ဇွန် ၂၉ ရက်တွင် အဆင့်မြင့်၏ပညာရေးလုပ်ငန်းများအတွက် တစ်ကြိမ်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကိစ္စနှင့် ပတ်သက်ပြီးတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ဒေါက်တာလှမိုးက ပြောဆိုသည်။

'ပိုပြီးထူးခြားတာက ကျွန်တော်တို့ လွှတ်တော်အသီးသီးက ပညာရေးမြှင့်တင်မှုကော်မတီတေွနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း တွေ့ဆုံညှိနှိုင်းမှု လုံးဝမရှိခဲ့ပါဘူး။ ဒါ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်'ဟု ၎င်းက ပြောဆိုသည်။

ယင်းအချက်ကို ထောက်ရှုခြင်းအားဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်ရန်၊ အကောင်အထည်ဖော်ရန် အဓိက မောင်းနှင်အားများဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ ပြည့်သူလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်များက ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းကြောင်း၊ ဝမ်းနည်းဖွယ်ရာ မြင်တွေ့ရကြောင်း ဒေါက်တာလှမိုးက ပြောဆိုသည်။

ထို့ကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှု မပြိုလဲစေရန်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မရပ်တန့်စေရန်၊ စနစ်သစ်ပညာရေးအပေါ် နိုင်ငံသူ၊ နိုင်ငံသားများ ယုံကြည်မှု မပပျောက်စေရန်အတွက် အဆိုပါ မောင်းနှင်အားများသည် မူဝါဒချမှတ်ရန် သုတေသနဆောင်ရွက်ခြင်း၊ မူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ရလဒ်ဆန်းစစ် လေ့လာခြင်း၊ လက်ငင်းဖြစ်ပေါ်နေသည့် Current issue များအား အချိန်မီဖြေရှင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောကြားသည်။

သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း
(Unicode Version)


 ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး အနာဂတ်ကို မှုန်ဝါးစေ

ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အနာဂတ်ကို မှုန်ဝါးစေကြောင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

စနစ်သစ်ပညာရေး၏ မွေးထုတ်ပေးလိုသည့် နိုင်ငံသားတိုင်းသည် လူသားကောင်းဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်သော အလေ့အကျင့်ရှိစေရေး၊ တာဝန်ခံ၊ တာဝန်ယူသောသူများ ဖြစ်စေရေးနှင့် ဆန်းသစ်တီထွင်နိုင်သောသူများဖြစ်ရေးကို ဦးတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့ နိုင်ငံသားတွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများ ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ကို မှုန်ဝါးစေပါတယ်'ဟု ဒေါက်တာလှမိုးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၉ခုနှစ် ဧပြီ ၁၀ရက်မှ အောက်တိုဘာ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးပညာရေးမူဝါဒ ကော်မရှင်ကနေ သုတေသနစာတမ်းများကို ဖော်ပြပြီးပါက အကြံပြုချက်များပေးပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း အစီရင်ခံသည့် ခြောက်လတာကာလအတွင်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည် ၂၀၁၉ ခုနှစ် ဇွန် ၂၉ ရက်တွင် အဆင့်မြင့်၏ပညာရေးလုပ်ငန်းများအတွက် တစ်ကြိမ်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကိစ္စနှင့် ပတ်သက်ပြီးတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ဒေါက်တာလှမိုးက ပြောဆိုသည်။

'ပိုပြီးထူးခြားတာက ကျွန်တော်တို့ လွှတ်တော်အသီးသီးက ပညာရေးမြှင့်တင်မှုကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း တွေ့ဆုံညှိနှိုင်းမှု လုံးဝမရှိခဲ့ပါဘူး။ ဒါ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်'ဟု ၎င်းက ပြောဆိုသည်။

ယင်းအချက်ကို ထောက်ရှုခြင်းအားဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်ရန်၊ အကောင်အထည်ဖော်ရန် အဓိက မောင်းနှင်အားများဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ ပြည့်သူလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်များက ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းကြောင်း၊ ဝမ်းနည်းဖွယ်ရာ မြင်တွေ့ရကြောင်း ဒေါက်တာလှမိုးက ပြောဆိုသည်။

ထို့ကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှု မပြိုလဲစေရန်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မရပ်တန့်စေရန်၊ စနစ်သစ်ပညာရေးအပေါ် နိုင်ငံသူ၊ နိုင်ငံသားများ ယုံကြည်မှု မပပျောက်စေရန်အတွက် အဆိုပါ မောင်းနှင်အားများသည် မူဝါဒချမှတ်ရန် သုတေသနဆောင်ရွက်ခြင်း၊ မူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ရလဒ်ဆန်းစစ် လေ့လာခြင်း၊ လက်ငင်းဖြစ်ပေါ်နေသည့် Current issue များအား အချိန်မီဖြေရှင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောကြားသည်။

သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List