Friday, February 07, 2020

သရုပ်ဆောင်ကောင်းလွန်းလို့ အကယ်ဒမီရခဲ့တာမဟုတ်ပါဘူးဆိုတဲ့ မယ်လိုဒီ

Image may contain: 1 person
စူပါတန်းဝင်သရုပ်ဆောင်တစ်ယောက်မဖြစ်သေးပါဘူးလို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြောပြခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက သူမရဲ့ လတ်တလောအနုပညာနဲ့ ပတ်သက်ပြီး ခုလို ပြောပြပါတယ်။

“မျိုးအခု အဆိပ်ဆိုတဲ့ဇာတ်ကားရိုက်ပြီး တော့ နတ်ဆိုတဲ့ဇာတ်ကားရိုက်ဖို့ရှိပါတယ်။ ဇာတ်ရုပ်ဆန်းတာ မဆန်းတာထက် အဲဒီဇာတ်ကားကျ ဇာတ်လမ်းဆန်းလို့ လက်ခံဖြစ်သွားတာပါ။ ဒီဇာတ်ကားက ရိုးရာဓလေ့တွေနဲ့ ပတ်သက်ပြီး ရိုက်တဲ့ဇာတ်ကားဖြစ် သလို ပရိုဂျူဆာရဲ့စိတ်ကူးနဲ့ ပုံ ဖော်တဲ့ဇာတ်ကားပါ။ မျိုးက အဲ့လိုဇာတ်ကား မျိုးမှာ ဇာတ်ရုပ်တစ်ခုအနေနဲ့ ပါဝင်ဖြစ်တာပါ”လို့ ပြောခဲ့ပြီး အကယ်ဒမီဆုရရှိသူ တစ်ယောက်အနေနဲ့ စူပါတန်းဝင် မဖြစ်ဘူးလို့ ဘာကြောင့်ပြောခဲ့လဲလို့မေးတဲ့အခါ....
“အကယ်ဒမီရခဲ့ တယ်ဆိုတာ မျိုးအမြဲ ပြောဖြစ်ပါတယ်။ မျိုး သရုပ်ဆောင်တော် လွန်းလို့မဟုတ်ခဲ့ ပါ ဘူး။ မျိုးက ဒါရိုက်တာ ခိုင်းတဲ့ အတိုင်းသေချာ လုပ်ခဲ့တယ်။ ကြိုးစားပြီး သင်ပေးတာလုပ်ခဲ့တယ်။ ကံကောင်းပြီး ဆုရခဲ့တယ်။ အဲဒီအတွက် မျိုးက အရမ်းသရုပ် ဆောင်မကောင်းပါဘူး။ စူပါတန်းဝင်မဟုတ် ဘူးလို့ ပြောတာပဲ။ ခုချိန်ထိလည်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေရတုန်းပါပဲ။ ပရိ သတ်တွေချစ်ပေးလို့ ရပ်တည်ခွင့်ရနေတာပါ” လို့ သူမက ပြောပါတယ်။
စောရတီနိုင်
Unicode
သရုပ်ဆောင်ကောင်းလွန်းလို့ အကယ်ဒမီရခဲ့တာမဟုတ်ပါဘူးဆိုတဲ့ မယ်လိုဒီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စူပါတန်းဝင်သရုပ်ဆောင်တစ်ယောက်မဖြစ်သေးပါဘူးလို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြော ပြခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက သူမရဲ့ လတ်တလောအနုပညာနဲ့ ပတ်သက်ပြီး ခုလို ပြောပြပါတယ်။

“မျိုးအခု အဆိပ်ဆိုတဲ့ဇာတ်ကားရိုက်ပြီး တော့ နတ်ဆိုတဲ့ဇာတ်ကားရိုက်ဖို့ရှိပါတယ်။ ဇာတ်ရုပ်ဆန်းတာ မဆန်းတာထက် အဲဒီဇာတ်ကားကျ ဇာတ်လမ်းဆန်းလို့ လက်ခံဖြစ်သွားတာပါ။ ဒီဇာတ်ကားက ရိုးရာဓလေ့တွေနဲ့ ပတ်သက်ပြီး ရိုက်တဲ့ဇာတ်ကားဖြစ် သလို ပရိုဂျူဆာရဲ့စိတ်ကူးနဲ့ ပုံ ဖော်တဲ့ဇာတ်ကားပါ။ မျိုးက အဲ့လိုဇာတ်ကား မျိုးမှာ ဇာတ်ရုပ်တစ်ခုအနေနဲ့ ပါဝင်ဖြစ်တာပါ”လို့ ပြောခဲ့ပြီး အကယ်ဒမီဆုရရှိသူ တစ်ယောက်အနေနဲ့ စူပါတန်းဝင် မဖြစ်ဘူးလို့ ဘာကြောင့်ပြောခဲ့လဲလို့မေးတဲ့အခါ....
“အကယ်ဒမီရခဲ့ တယ်ဆိုတာ မျိုးအမြဲ ပြောဖြစ်ပါတယ်။ မျိုး သရုပ်ဆောင်တော် လွန်းလို့မဟုတ်ခဲ့ ပါ ဘူး။ မျိုးက ဒါရိုက်တာ ခိုင်းတဲ့ အတိုင်းသေချာ လုပ်ခဲ့တယ်။ ကြိုးစားပြီး သင်ပေးတာလုပ်ခဲ့တယ်။ ကံကောင်းပြီး ဆုရခဲ့တယ်။ အဲဒီအတွက် မျိုးက အရမ်းသရုပ် ဆောင်မကောင်းပါဘူး။ စူပါတန်းဝင်မဟုတ် ဘူးလို့ ပြောတာပဲ။ ခုချိန်ထိလည်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေရတုန်းပါပဲ။ ပရိ သတ်တွေချစ်ပေးလို့ ရပ်တည်ခွင့်ရနေတာပါ” လို့ သူမက ပြောပါတယ်။
စောရတီနိုင်

No comments:

Post a Comment

My Blog List