Monday, February 03, 2020

ထီးမပေါက်၍ စိတ်ပျက်နေသည့် ဇနီးမောင်နှံ ထီပြန်ထိုးရာမှ သိန်းတစ်သောင်းခွဲဆုပေါက်


ဧရာဝတီတိုင်း ကျုံပျော်မြို့ မှ ဇနီးမောင်နှံမှာ ထီထိုးတိုင်း ၁ လုံးမှမတူသဖြင့် စိတ်ပျက်ပြီး ၈ လခန့် ထီမထိုးဘဲနေခဲ့ရာမှ အိမ်အထိ လာရောင်းသော ထီးသည်ထံမှ ထီ ၃ စောင်တွဲ ၃ တွဲ ပြန်ထိုးခဲ့ရာ ကျပ်သိန်း ၁ သောင်းခွဲဆုကို ကံထူးခဲ့ကြောင်း ကံထူးရှင် ဇနီးမောင်နှံထံ မှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဆင်နှစ်ကောင်ကျေးရွာမှ ဦးဇော်မင်းထွန်း နှင့် ဇနီး မူလတန်းပြဆရာမ ဒေါ်ခိုင်ခိုင်ဝင်း တို့ ဇနီးမောင်နှံက သိန်းတစ် သောင်းခွဲဆုကို ဠ ၈၅၇၅၂၀ နံပါတ် ကံထူးခဲ့ခြင်း ဖြစ်ကြောင်း ကျုံပျော်မြို့ ကံသာယာ မြန်ပြည်ချမ်းသာ ပင်ရင်းထီဆိုင်မှ ဆက်သိရသည်။
တင့်တင့်တယ်တယ်နဲ့ ကလေးတွေကို ပညာ သင် ပေးချင်တယ် ထီးပေါက်ရင်ကောင်းမယ် ပေါ့ ဆိုင်မှာသွားတယ် ထိုးတိုင်း တစ်လုံးမှမတူဘူး တွတ်တောင်မရဘူးအဲဒါနဲ့ ရပ်ထားတာ ၈လလောက် ရှိပြီ ခုတစ်ခါ အိမ်လာရောင်းတာနဲ့ ထီ ၃ စောင်တွဲ ၃ တွဲကို ပြန်ထိုးတာမှာ ပေါက်တာဓဟု ဇနီး ဖြစ်သူ ဆ ရာမ ဒေါ်ခိုင်ခိုင်ဝင်း ကပြောသည်။
ထီပေါက်သည့် ငွေများမှ ပရဟိတ လုပ်ငန်း၊ လက်ရှိ ဆောက်လုပ်နေသည့် ရွာမှ ဘုန်းကြီးကျောင်း၊ အရေးပေါ်လူနာတင်ယာဉ် နှင့် တစ်ခြားလိုအပ်သည့် လူမှုအကျိုးပြုလုပ်ငန်းများတွင် လျူဒါန်းသွားမည်ဖြစ်ကြောင်း ခင်ပွန်း ဖြစ်သူ ဦးဇော်မင်းထွန်း ကပြောသည်။
သိန်းတစ်သောင်းခွဲ ကံထူးရှင် ဦးဇော်မင်းထွန်း နှင့် ဇနီးဖြစ်သူ မူလတန်းပြဆရာမဒေါ်ခိုင်ခိုင်ဝင်း တို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦး ရှိသည်။

The Voice

No comments:

Post a Comment

My Blog List