Tuesday, February 04, 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံအား ပြည်ပနိုင်ငံများကူညီ


Image may contain: one or more people
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ပြည်ပနိုင်ငံများစွာက တရုတ်နိုင်ငံကို ကူညီကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ ဟွာချွန်းယင်က ပြောသည်။
တနင်္ဂနွေနေ့အထိ သိရသောအချက်အလက်များအရ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ တူရကီ၊ ပါကစ္စန်၊ ကာဇက်စတန်၊ ဟန်ဂေရီ၊ အီရန်၊ ဘယ်လာရုစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ထံမှ ကူညီထောက်ပံ့မှုများကို တရုတ်နိုင်ငံမှ ရရှိထားပြီးဖြစ်ကြောင်းကိုလည်း သူကပြောသည်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တောမတ်စ်ပက်ထရစ်ကလည်း ချက်သမ္မတနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကရိုနာငွေ ၁ဝသန်း(ကန်ဒေါ်လာ ၄၄၀,၀၀၀ ခန့်)လှူဒါန်းမည်ဟု ယမန်နေ့က ကြေညာခဲ့သည်။

အလားတူပင် အီဂျစ်နိုင်ငံကလည်း ဆေးဖက်ဆိုင်ရာပစ္စည်းများ ၁၀ တန်ခန့်ကို တရုတ်နိုင်ငံသို့ ပေးပို့လှူဒါန်းကြောင်း ယမန်နေ့ကပင်ကြေညာခဲ့သည်။

ယနေ့အထိသိရသောစာရင်းအရ တရုတ်နိုင်ငံတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်သင့်သူ ၂၀,၄၇၁ ဦး၊ ပြည်ပတွင် ကူးစက်ခံရသူ ၁၅၉ဦးရှိပြီဖြစ်ကာ ပြည်တွင်းတွင်သေဆုံးသူ ၄၂၅ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူ ၆၃၂ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

Ref: Foreign countries help China to fight the coronavirus
ပုံစာ - ဝူဟန့်မြို့ရှိ ဟန်ကောဘူတာရုံတွင် ခရီးသည်တစ်ဦးအား ခန္ဓာကိုယ်အပူချိန်စစ်ဆေးနေစဉ်(Photo: Xinhua)

(Zawgyi)

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံအား ပြည်ပနိုင်ငံများကူညီ

ပေကျင်း၊ ဖေဖေါ်ဝါရီ ၄

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ပြည်ပနိုင်ငံများစွာက တရုတ်နိုင်ငံကို ကူညီကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ ဟွာချွန်းယင်က ပြောသည်။

တနင်္ဂနွေနေ့အထိ သိရသောအချက်အလက်များအရ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ တူရကီ၊ ပါကစ္စန်၊ ကာဇက်စတန်၊ ဟန်ဂေရီ၊ အီရန်၊ ဘယ်လာရုစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ထံမှ ကူညီထောက်ပံ့မှုများကို တရုတ်နိုင်ငံမှ ရရှိထားပြီးဖြစ်ကြောင်းကိုလည်း သူကပြောသည်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တောမတ်စ်ပက်ထရစ်ကလည်း ချက်သမ္မတနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကရိုနာငွေ ၁၀သန်း(ကန်ဒေါ်လာ ၄၄၀,၀၀၀ ခန့်)လှူဒါန်းမည်ဟု ယမန်နေ့က ကြေညာခဲ့သည်။

အလားတူပင် အီဂျစ်နိုင်ငံကလည်း ဆေးဖက်ဆိုင်ရာပစ္စည်းများ ၁၀ တန်ခန့်ကို တရုတ်နိုင်ငံသို့ ပေးပို့လှူဒါန်းကြောင်း ယမန်နေ့ကပင်ကြေညာခဲ့သည်။

ယနေ့အထိသိရသောစာရင်းအရ တရုတ်နိုင်ငံတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်သင့်သူ ၂၀,၄၇၁ ဦး၊ ပြည်ပတွင် ကူးစက်ခံရသူ ၁၅၉ဦးရှိပြီဖြစ်ကာ ပြည်တွင်းတွင်သေဆုံးသူ ၄၂၅ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူ ၆၃၂ ဦးရှိပြီဖြစ်ကြောင်းသိရသည်

Ref: Foreign countries help China to fight the coronavirus
ပုံစာ - ဝူဟန့်မြို့ရှိ ဟန်ကောဘူတာရုံတွင် ခရီးသည်တစ်ဦးအား ခန္ဓာကိုယ်အပူချိန်စစ်ဆေးနေစဥ္(Photo: Xinhua)

No comments:

Post a Comment

My Blog List