Wednesday, February 05, 2020

ခေါက်ရိုးကျိုးနေသူများကို ဆက်လက်ခန့်ထားမည်ဆိုပါက အလကားဖြစ်မည်ဆိုသော မှတ်ချက်ပြုမှုနှင့်အတူ မြန်မာ့ပညာရေး ယနေ့ လွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခံရ

Image may contain: 1 person, text

ခေါက်ရိုးကျိုးနေသူများကို ဆက်လက်ခန့်ထားမည်ဆိုပါက အလကားဖြစ်မည်ဆိုသော မှတ်ချက်ပြုမှုနှင့်အတူ မြန်မာ့ပညာရေး ယနေ့ လွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခံလိုက်ရကြောင်းသိရသည်။

ဝေဖန်မှုကို NLD လွှတ်တော်ကိုယ်စားလှယ် ၂ဦးက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊၎င်းတို့က အချက်အလက်ဖြင့် ထောက်ပြဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။
ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်သည့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၂၂)ဦးတို့ ဆွေးနွေးကြစဉ် ၎င်းတို့က ထောက်ပြဝေဖန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် မဲဆန္ဒနယ်အမှတ် ၁၂မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ကခန့်ထားရမည့်ပညာရှင်များသည် ရှေ့မီ၊ နောက်မီ ခေတ်မီပြီး အမြဲတမ်း တိုးတက်သစ်လွင်ပြောင်းလဲနိုင်သည့်သူဖြစ်ရမည့်အပြင် နိုင်ငံတကာပညာရေးကို ကျွမ်းကျင်နှံ့စပ်ရန်လိုသည်သူဖြစ်ရမည်ဖြစ်ကာ နှစ်ပေါင်း ၅၀ ကျော်ခေါက်ရိုးကျိုးခဲ့ကြသည့် ပညာရှင်များမဖြစ်သင့်သည့်အကြောင်း၊ထိုသူများကို ဆက်မခန့်သင့်တော့ကြောင်းနှင့် ခန့်ထားပါကလည်း အလကားဖြစ်မည်ဟုပြောဆို ဆွေးနွေးသွားခဲ့သည်။
“ ခက်တာရှုပ်တာကိုမှပညာမြင့်တယ်လို့ ယူဆပြီး၊ ပိုရှင်း၊ပိုလွယ်လာတဲ့ နိုင်ငံတကာပညာရေးကို ရှုံ့ချချင်တဲ့ ပညာရှင်တွေကို နိုင်ငံမှာတွေ့နေရပါတယ်” ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က ပြောသည်။
“များစွာသောပညာရှင်များကတော့ အမြဲပြောတယ်။ သူတို့ကိုသိချင်လာလာမေးပါပြောတယ်။ သူတို့ဖြေတဲ့အဖြေတွေက တစ်သက်လုံးချောင်ပိတ်မိလာတဲ့ အတွေးအခေါ်များနဲ့ပဲ ဖြေတာကိုတွေ့ရပါတယ်” ဟု ဦးကျော်နိုင်ကဆက်လက်ပြောဆိုဆွေးနွေးခဲ့သည်။
အလားတူ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုးကလည်း
အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့(၆)လတာအတွင်း နှစ်ကြိမ်သာတွေ့ဆုံခဲ့သည့်အပေါ် ဝေဖန်ထောက်ပြသွားသည်။

“နှ စ်ကြိမ်ပဲတွေ့ဆုံပြီးပူးပေါင်းဆောင်ရွက်နိုင်ခြင်းရှိပါတယ်။လွှတ်တော်အသီးသီးမှပညာရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊တွေ့ဆုံညှိနှိုင်းခြင်းလုံးဝမရှိပါ။ဒါဟာအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ဒီအချက်ကိုထောက်ပြခြင်းများဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု၊ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊မူဝါဒချမှတ်ရန်၊အကောင်အထည်ဖော်ရန်အဓိကမောင်းနှင်အားတွေဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ပြည်သူ့လွှတ်တော်အဆင့်မြှင့်တင်ရေးကော်မတီ၊အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်ရေးကော်မတီ၊အမျိုးသားပညာရေးကော်မရှင်တို့ပူးပေါင်းဆောင်ရွက်မှုအလွန်အားနည်းကြောင်းဝမ်နည်းစွာတွေ့မြင်ခဲ့ရပါတယ်”ဟု ဒေါက်တာလှမိုးက ပြောသည်။
ဆက်၍ ဒေါက်တာလှမိုးက အရည်အချင်းနှင့်ပြည့်စုံသောနိုင်ငံသားများမွေးထုတ်ပေးနိုင်မည့်ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများကိုယ်တိုင်ကပူးပေါင်းဆောင်ရွက်မှုအားနည်းနေခြင်းသည်မြ န်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏အနာဂတ်ကိုမှုန်ဝါးစေကြောင်း ထောက်ပြခဲ့သည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List