Friday, February 07, 2020

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)စီမံကိန်းအဆိုပြုလွှာကို မတ်လ (၃၁) နောက်ဆုံးထားပြီး တင်ပြရမည်


Image may contain: sky, cloud and outdoor
ရန်ကုန်မိုးပျံအမြန်လမ်း Yangon Elevated Expressway စီမံကိန်းအဆိုပြုလွှာခေါ်ယူစာ Request For Proposal (RFP)ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နောက်ဆုံးထား၍ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)၏စီမံကိန်းအဆိုပြုလွှာကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
“ဧပြီပထမအပတ်မှာ ရတဲ့သူကိုကြေညာပေးသွားမယ်။ သင်္ကြန်မတိုင်ခင်ပေါ့။ ရွေးတာကခဏပဲ။ ရွေးပြီးတဲ့အခါကျတော့အတည်ပြုတဲ့ Process တွေလိုသေးတယ်။ ဇူလိုင်၊ သြဂုတ်လတော့ လုပ်ငန်းစမယ်။ ၃ နှစ်ခွဲလောက်တော့ မှန်းထားတယ်။ ခရေပင်လမ်းခွဲပါတော့ လမ်းကြောကနည်းနည်းရှည်တယ်။ ကုန်ကျမယ့်စရိတ်ကတော့ မပြောတတ်ဘူး။ သူတို့ကိုရင်းနှီးမြှုပ်နှံမှုပြိုင်ခိုင်းတာဆိုတော့ ကြည့်ရဦးမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
နည်းပညာပိုင်းဆိုင်ရာအဆိုပြုတင်သွင်းလွှာများကိုကနဦးစစ်ဆေးမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ ဘဏ္ဍာရေးဆိုင်ရာအဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးခြင်းအတွက်ဖိတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
အရှည် (၂၇.၅)ကီလိုမီတာခန့်ရှိသောရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)သည် အစိုးရ၏ ဦးစားပေးစီမံကိန်းတစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် (PPP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီးနိုင်ငံတကာမှရင်းနှီး မြုပ်နှံသူများအနေဖြင့်စံနမူနာစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်နိုင်မည်ဖြစ်ကာ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၂)အတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ Request for Expression of Interest REOI ကို ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်ခေါ်ယူနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
စုသက်နှင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)စီမံကိန်းအဆိုပြုလွှာကို မတ်လ (၃၁) နောက်ဆုံးထားပြီး တင်ပြရမည်

-------- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) --------

ရန်ကုန်မိုးပျံအမြန်လမ်း Yangon Elevated Expressway စီမံကိန်းအဆိုပြုလွှာခေါ်ယူစာ Request For Proposal (RFP)ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နောက်ဆုံးထား၍ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)၏စီမံကိန်းအဆိုပြုလွှာကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
“ဧပြီပထမအပတ်မှာ ရတဲ့သူကိုကြေညာပေးသွားမယ်။ သင်္ကြန်မတိုင်ခင်ပေါ့။ ရွေးတာကခဏပဲ။ ရွေးပြီးတဲ့အခါကျတော့အတည်ပြုတဲ့ Process တွေလိုသေးတယ်။ ဇူလိုင်၊ သြဂုတ်လတော့ လုပ်ငန်းစမယ်။ ၃ နှစ်ခွဲလောက်တော့ မှန်းထားတယ်။ ခရေပင်လမ်းခွဲပါတော့ လမ်းကြောကနည်းနည်းရှည်တယ်။ ကုန်ကျမယ့်စရိတ်ကတော့ မပြောတတ်ဘူး။ သူတို့ကိုရင်းနှီးမြှုပ်နှံမှုပြိုင်ခိုင်းတာဆိုတော့ ကြည့်ရဦးမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။
နည်းပညာပိုင်းဆိုင်ရာအဆိုပြုတင်သွင်းလွှာများကိုကနဦးစစ်ဆေးမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ ဘဏ္ဍာရေးဆိုင်ရာအဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးခြင်းအတွက်ဖိတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
အရှည် (၂၇.၅)ကီလိုမီတာခန့်ရှိသောရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)သည် အစိုးရ၏ ဦးစားပေးစီမံကိန်းတစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် (PPP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီးနိုင်ငံတကာမှရင်းနှီး မြုပ်နှံသူများအနေဖြင့်စံနမူနာစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်နိုင်မည်ဖြစ်ကာ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၂)အတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ Request for Expression of Interest REOI ကို ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်ခေါ်ယူနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List