Friday, February 07, 2020

ဆန္ဒပြ ကျောင်းသားသမဂ္ဂများနှင့်ကျောင်းသား၊ ကျောင်းသူများအားပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်

Image may contain: text
အေးချမ်းစွာ ပညာသင်ယူလိုသော သင်တန်းသား၊ သင်တန်းသူများနှင့် အေးချမ်းစွာ တာဝန်ထမ်းဆောင်လိုသော ဆရာမများ၊ ရုံး ဝန်ထမ်းများအတွက် ထိခိုက်နစ်နာမှု များစွာရှိခဲ့၍ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော ကျောင်းသား သမဂ္ဂများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန် ကြေညာချက်ကို မန္တလေးပညာရေးကောလိပ် ဆရာ၊ ဆရာမများအသင်းက ဖေဖော်ဝါရီ ၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။
မန္တလေး ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ လားရှိုးပညာရေးကောလိပ် ကျောင်းသား သမဂ္ဂ၊ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသား သမဂ္ဂ၊ မုံရွာပညာရေးကောလိပ် ကျောင်းသား သမဂ္ဂနှင့် အခြားတက္ကသိုလ်၊ ကောလိပ်အချို့မှ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ တောင်းဆို ဆန္ဒပြမှုများကို မန္တလေးပညာရေးကောလိပ်၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆန္ဒပြရာတွင် မန္တလေးပညာရေးကောလိပ်ရှိ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ကြိုတင်အသိပေးအကြောင်းကြားကာ ခွင့်ပြုချက်ရယူမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း မဟုတ်ဘဲ ဆရာ၊ဆရာမများ၏ သင်ကြားရေးလုပ်ငန်းများ၊ ရုံးဝန်ထမ်းများ၏ရုံးလုပ်ငန်းများကို လုပ်ဆောင်ခွင့် မရရှိစေရန် ပင်မအဆောက်အအုံ တံခါးအားလုံးကို သောခတ်ခြင်း၊ ပိတ်ဆို့ဝန်းရံခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မန္တလာမြေ (အမျိုးသမီးဆောင်) တံခါးသော့အား ဖျက်ဆီးခြင်း၊ မန္တလေးပညာရေး ကောလိပ်အတွင်းရှိ လောကအလင်းစာဖတ်အသင်း အခန်းတွင်းသို့ ခွင့်တောင်းခြင်းမရှိ၊ ခွင့်ပြုချက်မရှိဘဲ ပြတင်းပေါက်မှ ကျူးကျော်ဝင်ရောက် ညအိပ်နေထိုင်ခြင်း၊စာသင်ခန်းများအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများအား မတရားစည်းရုံးလှုံ့ဆော်ခြင်းနှင့် စာသင်ခန်းများတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအား ရိုင်းပျသော ကိုယ်အမူအရာ၊ ရင့်သီးသော စကားလုံးများဖြင့် တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့ကြ သည့်အတွက် မန္တလေးပညာရေးကောလိပ်ရှိ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေခံပညာစာမေးပွဲကာလ ရှေ့တိုးပေးရန် သဘောတူညီချက် တရားဝင်စာထွက်ပေးရန်နှင့် ဆန္ဒပြကျောင်း သား၊ ကျောင်းသူများ မဖိနှိပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်ကာ မန္တလေးပညာရေးကောလိပ်ကျောင်းဝင်းအတွင်းနှင့် မန္တလေးမြို့ထဲ လမ်းပေါ်သို့ ဆန္ဒပြချီတက်ခဲ့ကြပြီး မန္တလေးပညာရေးကောလိပ် ပင်မအဆောက်အအုံအား ပိတ်ဆို့ကာ ဝန်ကြီးဌာန၏တရားဝင်စာမထွက်မချင်း ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ဆန္ဒပြရာတွင် ပါဝင်သည့် ကျောင်းသားသုံးဦးကို အမှတ် (၃) ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
သတင်း - အိဟေမာ
.................................................................
(Unicode Version)

No comments:

Post a Comment

My Blog List