Thursday, February 06, 2020

ဆန္ဒပြရာတွင် ပါဝင်သည့် ကျောင်းသားသုံးဦး အမှုဖွင့်ခံရ

Image may contain: one or more people, people standing, people dancing, people walking and outdoor
အခြေခံပညာစာမေးပွဲကာလ ရှေ့တိုးပေးရန် သဘောတူညီချက် တရားဝင်စာထွက်ပေးရန်နှင့် ဆန္ဒပြ ကျောင်းသား၊ ကျောင်းသူများ မဖိနှိပ်ရန် ဆန္ဒပြရာတွင် ပါဝင်သည့် ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူတစ်ဦး အမှုဖွင့်ခံရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

အခြေခံပညာစာမေးပွဲကာလ ရှေ့တိုးပေးရန် သဘောတူညီချက်တရားဝင် စာထွက်ပေးရန်နှင့် ဆန္ဒပြ ကျောင်းသား၊ ကျောင်းသူများ မဖိနှိပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ကာ ဖေဖော် ဝါရီ ၄ ရက်က မန္တလေးပညာရေးကောလိပ်ဝင်းအတွင်းနှင့် မန္တလေးမြို့ပေါ်၌ လမ်းလျှောက်ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့သည့်အတွက် ယင်းကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
'လမ်းပေါ်ထွက် ဆန္ဒပြတဲ့ကိစ္စကို အမှုဖွင့်တာပါ။ ကျွန်တော်တို့ကတော့ ဆန္ဒပြရင် ငြိမ်းစုစီ တစ်ခါမှ မတင်ဘူး။ တရားစွဲရင် သိပ်ပြီးတော့ ကိစ္စမရှိပါဘူး။ အဲဒီလိုပဲ ယူဆပါတယ်'ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (၁) ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။
အမှုဖွင့်ခံရသည့် ကျောင်းသားသုံးဦးမှာ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်၊ မန္တလေးပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုအောင်မျိုးကို၊ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဝင်နှင့် ပကသများအဖွဲ့ချုပ်အဖွဲ့ဝင် မမူးဇူးဇန်တို့ဖြစ်ပြီး အမှတ်(၃)ရဲစခန်းက ငြိမ်းစုစီပုဒ်မ -၁၉ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - အိဟေမာ
ဓာတ္ပုံ - ဗကသ

(Unicode Version)

ဓာတ်ပုံ - ဗကသ

No comments:

Post a Comment

My Blog List