Tuesday, February 04, 2020

ထိုင်း၌ ပလတ်စတစ် ၇ ကီလိုဂရမ်စားခဲ့သည့် တောရိုင်းသမင်သေဆုံး

Image may contain: one or more people, people standing and outdoor
ထိုင်းနိုင်ငံဟာ တစ်ခါသုံးပလတ်စတစ်တွေသိသိသာသာအသုံးပြုတဲ့နိုင်ငံဖြစ်ပြီး သမုဒ္ဒရာတွေထဲ ပလတ်စတစ်ညစ်ညမ်းမှုဖြစ်စေတဲ့နိုင်ငံတွေထဲပါတဲ့တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့နဲ့အတူ ညစ်ညမ်းမှု ၆၀ ရာခိုင်နှုန်းဖြစ်အောင်လုပ်နေတာပါ။

ထိုင်းသဘာဝအရင်းအမြစ်နှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ စွန့်ပစ်အမှိုက်တွေစားသုံးမိလို့ ပင်လယ်လိပ်အကောင် ၁၅၀ ၊ ဝေလငါးနဲ့လင်းပိုင်အကောင် ၁၀၀ နဲ့ ရေဝက် ၁၂ ကောင်တို့ နှစ်စဉ်သေဆုံးနေပြီး သူတို့ထဲက တစ်ဝက်ကျော်ဟာ ပလတ်စတစ်အိတ်တွေစားလို့သေဆုံးတာလို့သိရပါတယ်။
မကြာသေးခင်ကလည်း တောရိုင်းသမင်တစ်ကောင်ဟာ ၇ ကီလိုဂရမ်အလေးချိန်ရှိတဲ့ပလတ်စတစ်အိတ်တွေနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေစားမိလို့သေဆုံးခဲ့ပါတယ်။
နန်ခရိုင်က အမျိုးသားပန်းခြံထဲမှာ ၁၀ နှစ်သားအရွယ်သမင်တစ်ကောင်သေဆုံးနေတယ်လို့ အရာရှိတွေကပြောပါတယ်။

ရင်ခွဲစစ်ဆေးမှုတွအရ သမင်ရဲ့အစာအိမ်ထဲမှာ ပလတ်စတစ်တွေရှိနေပြီး သေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေထဲကတစ်ခုဖြစ်တယ်လို့ ခွန်ဆာသန်အမျိုးသားပန်းခြံညွှန်ကြားရေးမှူးကရီယန်ဆက် သာနွန်ပန်ကပြောပါတယ်။
အမျိုးသားပန်းခြံကထုတ်ပြန်တဲ့ပုံတွေအရ ပလတ်စတစ်အိတ်တွေထဲမှာ ကော်ဖီမှုန့်ခွံတွေ၊ ခေါက်ဆွဲခြောက်အိတ်တွေ၊ အမှိုက်အိတ်တွေ၊ မျက်နှာသုတ်ပဝါတွေနဲ့ အတွင်းခံတွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ပလတ်စတစ်တွေမြိုချမိလို့ ရေဝက်ပေါက်စတစ်ကောင်သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့်လည်း ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူတွေစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
No photo description available.
No photo description available.
Image may contain: one or more people
Source-India Times
Photo- Ministry of Natural Resources and Environment, Thailand

[Unicode]
ထိုင်း၌ ပလတ်စတစ် ၇ ကီလိုဂရမ်စားခဲ့သည့် တောရိုင်းသမင်သေဆုံး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄
ထိုင်းနိုင်ငံဟာ တစ်ခါသုံးပလတ်စတစ်တွေသိသိသာသာအသုံးပြုတဲ့နိုင်ငံဖြစ်ပြီး သမုဒ္ဒရာတွေထဲ ပလတ်စတစ်ညစ်ညမ်းမှုဖြစ်စေတဲ့နိုင်ငံတွေထဲပါတဲ့တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့နဲ့အတူ ညစ်ညမ်းမှု ၆၀ ရာခိုင်နှုန်းဖြစ်အောင်လုပ်နေတာပါ။
ထိုင်းသဘာ၀အရင်းအမြစ်နှင့်ပတ်၀န်းကျင်၀န်ကြီးဌာနရဲ့အချက်အလက်တွေအရ စွန့်ပစ်အမှိုက်တွေစားသုံးမိလို့ ပင်လယ်လိပ်အကောင် ၁၅၀ ၊ ဝေလငါးနဲ့လင်းပိုင်အကောင် ၁၀၀ နဲ့ ရေ၀က် ၁၂ ကောင်တို့ နှစ်စဉ်သေဆုံးနေပြီး သူတို့ထဲက တစ်၀က်ကျော်ဟာ ပလတ်စတစ်အိတ်တွေစားလို့သေဆုံးတာလို့သိရပါတယ်။
မကြာသေးခင်ကလည်း တောရိုင်းသမင်တစ်ကောင်ဟာ ၇ ကီလိုဂရမ်အလေးချိန်ရှိတဲ့ပလတ်စတစ်အိတ်တွေနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေစားမိလို့သေဆုံးခဲ့ပါတယ်။
နန်ခရိုင်က အမျိုးသားပန်းခြံထဲမှာ ၁၀ နှစ်သားအရွယ်သမင်တစ်ကောင်သေဆုံးနေတယ်လို့ အရာရှိတွေကပြောပါတယ်။

ရင်ခွဲစစ်ဆေးမှုတွအရ သမင်ရဲ့အစာအိမ်ထဲမှာ ပလတ်စတစ်တွေရှိနေပြီး သေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေထဲကတစ်ခုဖြစ်တယ်လို့ ခွန်ဆာသန်အမျိုးသားပန်းခြံညွှန်ကြားရေးမှူးကရီယန်ဆက် သာနွန်ပန်ကပြောပါတယ်။
အမျိုးသားပန်းခြံကထုတ်ပြန်တဲ့ပုံတွေအရ ပလတ်စတစ်အိတ်တွေထဲမှာ ကော်ဖီမှုန့်ခွံတွေ၊ ခေါက်ဆွဲခြောက်အိတ်တွေ၊ အမှိုက်အိတ်တွေ၊ မျက်နှာသုတ်ပဝါတွေနဲ့ အတွင်းခံတွေပါ၀င်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ပလတ်စတစ်တွေမြိုချမိလို့ ရေ၀က်ပေါက်စတစ်ကောင်သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့်လည်း ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူတွေစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
Source-India Times
Photo- Ministry of Natural Resources and Environment, Thailand
#PeopleMedia
#Thailand #Plastic #Garbage #Trash #Wildlife

No comments:

Post a Comment

My Blog List