Tuesday, February 04, 2020

တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထား

Image may contain: 1 person, indoor

တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြင့်ကျော်ထံ ဖေဖော်ဝါရီလ ၃ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားပေးခြင်းဖြစ်သည်။
“ လက်ရှိတတိယမြောက်ရက်အဖြစ် ကလေးကိုတော့စောင့်ကြည့်လူနာအဖြစ် ဆေးရုံသီးသန့် လူနာအခန်းမှာ ထားပါတယ်။အခုကတော့ကလေးကတော့နည်းနည်းလေးဖျားပါသေးတယ်။ ဝမ်း ၂ ကြိမ်သွားပါတယ်။ ကျန်တဲ့မိသားစုထဲကတစ်ယောက်ကတော့ဒီကနေ့မနက်မှာမဖျားပါဘူး၊ ချောင်းဆိုးပါတယ်။ ကျန်တဲ့သုံးယောက်ကတော့ လုံးဝလူကောင်းပါ။ သူတို့ကိုတော့ အများပြည်သူပိုမိုလုံခြုံဖို့အတွက် သီးသန့်ခွဲထားတာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ကပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၉ ရက်၌လာရောက်လည်ပတ်သည့် မိသားစုမှ (၁)နှစ်(၂)လ အရွယ်ရှိကလေးငယ်မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများကြောင့် ကျိုင်းတုံပုဂ္ဂလိကဆေးရုံသို့လာရောက်ပြသခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ်သတ်မှတ်၍ ဖေဖော်ဝါရီလ ၁ ရက်၌ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကာ သီးခြားဆောင်တွင်ထားရှိကုသနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၀၀၀ ဦးကျော်ရှိလာပြီးသေဆုံးသူ ၃၆၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
Image may contain: one or more people
Image may contain: one or more people and indoor
Image may contain: sky and outdoor
ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန)
Unicode Version
တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထား
-------- ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန) --------

တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထားကြောင်း သိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြင့်ကျော်ထံ ဖေဖော်ဝါရီလ ၃ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားပေးခြင်းဖြစ်သည်။
“ လက်ရှိတတိယမြောက်ရက်အဖြစ် ကလေးကိုတော့စောင့်ကြည့်လူနာအဖြစ် ဆေးရုံသီးသန့် လူနာအခန်းမှာ ထားပါတယ်။အခုကတော့ကလေးကတော့နည်းနည်းလေးဖျားပါသေးတယ်။ ဝမ်း ၂ ကြိမ်သွားပါတယ်။ ကျန်တဲ့မိသားစုထဲကတစ်ယောက်ကတော့ဒီကနေ့မနက်မှာမဖျားပါဘူး၊ ချောင်းဆိုးပါတယ်။ ကျန်တဲ့သုံးယောက်ကတော့ လုံးဝလူကောင်းပါ။ သူတို့ကိုတော့ အများပြည်သူပိုမိုလုံခြုံဖို့အတွက် သီးသန့်ခွဲထားတာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ကပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၉ ရက်၌လာရောက်လည်ပတ်သည့် မိသားစုမှ (၁)နှစ်(၂)လ အရွယ်ရှိကလေးငယ်မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများကြောင့် ကျိုင်းတုံပုဂ္ဂလိကဆေးရုံသို့လာရောက်ပြသခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ်သတ်မှတ်၍ ဖေဖော်ဝါရီလ ၁ ရက်၌ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကာ သီးခြားဆောင်တွင်ထားရှိကုသနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၀၀၀ ဦးကျော်ရှိလာပြီးသေဆုံးသူ ၃၆၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List